စိုင်းစိုင်းခမ်းလှိုင် ကတော့ အနုပညာလောကမှာ ဝါရင့်သူတစ်ဦးဖြစ်သည့်အပြင် ဂီတလောကမှာလည်း ရှေ့ဆောင်လမ်းပြသူတစ်ဦးဖြစ်ပါတယ်။ ခံစားချက်တွေကို ရေးဖွဲ့သီဆိုတက်သူတစ်ဦးဖြစ်တဲ့အပြင် တက်သစ်စမျိုးဆက်သစ်တွေကို အမြဲကြိုဆိုတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိ စိုင်းစိုင်းတစ်ယောက်ကတော့ ခရီးထွက်နေကြောင်း သူ့ရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာမှာ တင်ထားပါတယ်။ 

လက်ရှိ Samsung Galaxy Tour ပွဲတွေကို သီဆိုနေပြီး စိတ်ပြေလက်ပျောက်ခရီထွက်နေကြောင်း သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာပြည်တွင်းခရီးစဉ်တွင် မြစ်ကြီးနား ၊ မုံရွာ၊ ပဲခူး၊ ရွှေဘိုစသည်ဒေသတွေမှာ ဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ယခု စိုင်းစိုင်းကတော့ သူ့ရဲ့လူမှုစာမျက်နှာမှာ ထန်းရည်နဲ့ ကြွက်ကြော်သောက်နေသည့်ပုံကို တင်ထားတာတွေ့ရပါတယ်။ 

ထန်းရည်ဆိုင်တွင် ချစ်သူငယ်ချင်းများဖြစ်ကြတဲ့ ဂျွန်နဲ့ နန္ဒစိုင်းတို့ပါ ပါဝင်သောက်နေတာတွေ့ရပါတယ်။ စိုင်းစိုင်းချစ်ပရိသတ်များကလည်း စိုးရိမ်မှုများနဲ့ သတိပေးစာများပေးပို့ခဲ့တာတွေ့ရပါတယ်။ ချစ်ပရိသတ်များအတွက် စိုင်းစိုင်းလက်တလော လှုပ်ရှားမှုလေးကို မျှဝေပေးလိုက်ပါတယ်။

Source - Sai Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။