ဇန်နဝါရီလ(၈)ရက်နေ့ ဒီနေ့ မနက်ပိုင်း(၃)နာရီ အချိန် မိတ္ထီလာမြို့ နေအိမ်တစ်အိမ်တွင် အနုကြမ်းစီးမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ပြည်သာယာတောင်ပိုင်း ၁ လမ်းရှိ လူနေအိမ် တစ်အိမ်ထဲကိုမျက်နှာ အဝတ် စည်းထားတဲ့ လူတစ်ယောက်ဝင်ရောက်လာပြီး ဓားနဲ့ ခြိမ်းခြောက်ကာ လက်ဝတ် ရတနာနဲ့ ငွေတွေ ယူဆောင် သွားတယ်လို့ မိတ္ထီလာအမှတ် (၃) ရဲစခန်းမှ ရဲအရာဦးတစ်ဦးကပြောပါတယ်။

အဆိုပါ အမျိုးသားဟာ မျက်နှာမှာ အညိုရောင်အဝတ်အုပ်ထားပြီး လက်ထဲမှာ ဓားမြှောင်ကိုင်ထားကာ အော်ရင်ဓားနဲ့ ထိုးမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အနုကြမ်းစီးခံရတဲ့ အိမ်ရှင် ကိုမျိုးနိုင် ဝင်းတို့ လင်မယား နှစ်ယောက်လုံးကို လက်ပြန်ကြိုးတုတ်၊ ပါးစပ်ကို တိပ်နဲ့ကပ်ပြီး ကာလတန်ဖိုး ၁၈ သိန်းဖိုး လောက်ရှိတဲ့ ရွှေငွေပစ္စည်း၊ ကွန်ပြူတာနဲ့ ဖုန်းတွေကို ယူဆောင်ခဲ့တယ်လို့ ကိုမျိုးနိုင်ဝင်းပြောပါတယ်။ ကိုမျိုးနိုင်ဝင်းဟာ ‎ကွန်ပြူတာသင်တန်းဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

၎င်းရဲ့ အိပ်ယာခေါင်းရင်း ဘယ်ဘက်ဘေး စားပွဲပေါ်က စိန်လက်စွပ် ၂ကွင်း ရွှေလက်စွပ် ၁ကွင်း ငွေသား ၃သိန်းနဲ့ lenovo လက်တော့ ဆင်းကတ်မပါတဲ့ ‎vivo ဟန်းဆက်တလုံး ယူသွားတာဖြစ်ပြီး ကာလတန်ဖိုး ကတော့ ၁၈သိန်းဖိုးလောက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ အနုကြမ်းစီးသူရဲ့ မျက်နှာကိုမြင်လိုက်ရတာ ကြောင့် အမြန်ဆုံးဖမ်းမိဖို့ ကြိုးစားလုပ်ဆောင် နေပါတယ်”လို့ အမှတ် (၃) ရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဝင်း ကပြောပါတယ်။လက်ရှိမှာတော့ စုံးစမ်နေဆဲတရားခံကို မိတ္ထီလာအမှတ်(၃)ရဲစခန်းတွင် ပြစ်ဒဏ် ၁၀ နှစ်အထိ ရှိတဲ့ ခြိမ်းခြောက်တောင်းယူတဲ့ အနုကြမ်းစီးမှု ‎ရာဇသတ်ကြီးပုဒ်မ ၃၈၆၊ (ပ)၅/၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မောင်မောင်လင်း(DVB)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။