ပန်းရောင်စုံတွေကြားက ရေဝတီလေးတစ်ယောက်ကတော့ သူမကိုလွမ်းနေတဲ့ သူတွေအတွက် အလွမ်းပြေပုံကလေးတစ်ချို့နဲ့အတူ ပေါ်ထွက်လာပါတယ်။ အဖြူရောင် အကျီလေးနဲ့အတူ တိုင်းရင်းသူတစ်ဦးရဲ့ တမူထူးခြားတဲ့လှပမှုနဲ့ သူမပါပဲ။

“ လွမ်းနေမယ်ဆိုတာသိလို့ ကိုယ်ထင်လာပြတာ” ဆိုတဲ့သူမက တီဗွီဖန်သားပြင်ပေါ်မှာ နောက်ထပ်တခါ ပရိသတ်ရှေ့ကို ရောက်ရှိလာဖို့အတွက် ကြိုးစားကာ ပြင်ဆင်လို့နေပါတယ်။

Miss World Myanmar 2015 မှာ 2nd runner up ရရှိခဲ့တဲ့သူမကို ပရိသတ်သတိထား မိခဲ့သလို ပဉ္ဇလတ်ရွာ ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ ရိုးသားတဲ့တောသူမလေး တစ်ယောက်အဖြစ် ပရိသတ်အချစ်တွေကို သိမ်းကျူံးယူသွားခဲ့တာပါ။

လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်များနဲ့ miss တစ်ယောက်လဲ ဖြစ်တာကြောင့် မော်ဒယ်အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်သွားမှာလို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်အတွင်းမှာ နာမည်ကျော်ကြားလာတဲ့ အနုပညာတွေထဲမှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုယ်လုပ်တဲ့အလုပ်ကိုချစ်မြတ်နိုးပြီး တန်ဖိုးထား ပေးဆပ်မှသာ အကောင်းဆုံးဖြစ်လာ မှာပါလို့ဆိုပါတယ်။ ဒီလိုချစ်ဖို့ကောင်းနေတဲ့ အချစ်တွေကြောင့်ပဲ နှစ်သစ်မှာ သူမရဲ့We Love အဖွဲ့သားများနဲ့အတူ နှစ်ဦးအလှူအဖြစ် ရွှေဂုံတိုင်ရှိ လူငယ်ဖွံ့ဖြိုးရေးကျောင်းမှာ အလှူအတန်းများအတူတကွ လုပ်ဆောင်ခဲ့ကြတာပါ။ ရေဝတီလေးကိုချစ်တဲ့သူတွေအတွက် ပုံလှလှလေးတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

Source - Nann Sandar Hla Htun FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။