ကိုရီးယားကျွန်းဆွယ်စစ်ပွဲပြီးကတည်းကတောင်-မြောက်ကိုရီးယားနှစ်နိုင်ငံဟာစစ်ပြေငြိမ်းငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားခြင်းမရှိသေးပါဘူး။

သဘောတရားအရဆိုရင်

တောင်မြောက်ဟာစစ်ဖြစ်နေဆဲပါ။နိုင်ငံအတွင်းကမိသားစုပေါင်းများစွာဟာစစ်ကြီးအတွင်းမှာ

တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ရပါတယ်။နှစ်နိုင်ငံအစိုးရအနေနဲ့ကွဲကွာနေတဲ့မိသားစုတွေကို

ပြန်လည်ပေါင်းစည်းစေတဲ့အစီအစဉ်တွေပြုလုပ်လေ့ရှိပါတယ်။

ဒါပေမယ့်နောက်ပိုင်းနှစ်တွေမှာနှစ်နိုင်ငံဆက်ဆံရေးတွေအကဲဆတ်လာတာကြောင့်ပြန်လည်

ပေါင်းစည်းရေးလုပ်ငန်းတွေမလုပ်ဆောင်နိုင်ခဲ့တာကြာပါပြီ။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းရဲ့နှစ်သစ်ကူး

မိန့်ခွန်းအပြီးမှာတော့တောင်မြောက်နှစ်နိုင်ငံရဲ့အတန်ကြာအေးခဲနေတဲ့ဆက်ဆံရေးတွေဟာ

နှင်းခဲပျော်ချိန်ရောက်လာပါတယ်။အဆိုပါမိန့်ခွန်းအပြီးမှာမိသားစုများပေါင်းစည်းရေး

အစီအစဉ်ကိုပြန်လည်စတင်ခဲ့ကြပါတယ်။ဒီနေ့မှာဆိုရင်တောင်မြောက်ကိုရီးယားနိုင်ငံမိသားစုပြန်လည်ပေါင်းစည်း

ရေးအစီအစဉ်ပြန်လည်စတင်နေပါပြီ။တောင်ကိုရီးယားဝန်ကြီး

ချိုမြောင်ဂွန်ကပြန်လည်ပေါင်းစည်းရေးအစီအစဉ်တွေနဲ့ပတ်

သက်ပြီးခုလိုပြောပါတယ်။

"ကျွန်တော်တို့ဟာကွဲကွာနေတဲ့မိသားစုတွေပြန်လည်ပေါင်းစည်းရေးနဲ့စစ်ရေးတင်းမာမှုအခြေအနေတွေကိုလျော့နည်းသွား

စေဖို့အဓိကထားပြင်ဆင်နေပါတယ်"လို့ပွဲမတိုင်ခင်သတင်း

စာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားမှာကျင်းပမယ့်ဆောင်းရာသီအိုလံပစ်

ပြိုင်ပွဲမှာလည်းမြောက်ကိုရီးယားကစားသမားတွေပါဝင်

ယှဉ်ပြိုင်မယ်လို့မြောက်ကိုရီးယားကသတင်းထုတ်ပြန်ထား

ပါတယ်။တောင်ကိုရီးယားဘက်ကလည်းအမေရိကန်နဲ့ပူးတွဲလေ့ကျင့်နေတဲ့စစ်ရေးလေ့ကျင့်မှုတွေကိုခေတ္တရပ်နားလိုက်ပါပြီ။

တောင်မြောက်ကိုရီယားနှစ်နိုင်ငံအတွက်အပေါင်းလက္ခဏာ

ဆောင်တဲ့ခြေလှမ်းတွေလို့ဆိုရမှာပါ။

Source-RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။