ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဘရစ္စတိုးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။EFL Cup ဆီမီးဖိုင်နယ်အဆင့် မှာ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကစားသွားရမှာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ လက်စတာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ဘရစ္စတိုးအသင်းကတော့ မန်ယူအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ဒီအဆင့်ကို တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဘရစ္စတိုးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲရှုံး ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ တိုက်စစ်ကို ဘရစ္စတိုးအသင်းထိန်းချူပ်သွားဖို့ခက်ခဲမှာ အမှန်ပါပဲ။နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးထားတဲ့ ခံစစ်က မန်စီးတီးအသင်းအတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်လာဖို့ရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဘာနန်ဒိုဆေးဗာလ်း၊ စတာလင်း၊ အဂူရို၊ ယာယာတိုရေး၊ ဒီဘရိုင်း၊ ဖာနန်ဒင်ဟို တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဘရစ္စတိုးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ပီတာဆန်၊ ရိဒ်၊ ဘရောင်းဟေး၊ ပက်၊ စမစ်၊ ဘာယန် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ဘရစ္စတိုးအသင်း ရလဒ်ကောင်းရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။မန်စီးတီးအသင်း အိမ်ကွင်းမှာ ပြတ်ပြတ်သားသား အနိုင်ရယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။