နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဟာသသရုပ်ဆောင်ဖြူဖြူထွေးတစ်ယောက် သူမရှုတင်မှာ ရိုက်ထားတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို သူမရဲ့ Facebook မှာ တင်ထားတာပဲဖြစ်ပါတယ်။ ရိုးသားပွင့်လင်းပြီး ဖြူစင်တဲ့သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။ နယ်မြို့လေးကနေ ရန်ကုန်မြို့မှာကျောင်းတက်ရင်း အလုပ်လုပ်ခဲ့ပြီး ရသမျှငွေ ကြေးတွေကို မိဘထံ ပြန်လည်ပေးအပ်ခဲ့တဲ့ သမီးလိမ္မာလေးတစ်ဦးလည်းဖြစ်ပါတယ်။ ပရိတ် သတ်တွေကို ပျော်ရွှင်စေလိုတာကြောင့် သူမက ဟာသ Video လေးတွေ ရိုက်ပြီးတင်လေ့ ရှိပါတယ်။ ဓာတ်ပုံရိုက်ရာမှာလည်း သူများနဲ့မတူပဲ အထူးအဆန်းပုံစံလေးတွေလုပ်တတ် ပါသေးတယ်။

ဒီလိုအထူးအဆန်းပုံလေးတွေလုပ်တာကြောင့် တစ်ချို့သောဝေဖန်သူတွေဟာ သူမကိုဆိုးဆိုး ရွားရွား ဆဲဆိုခဲ့တာကြောင့် သူမစိတ်မကောင်းဖြစ်ကြောင်းကို ဝမ်းနည်းစွာငိုကြွေးပြီး Interview တစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။ ချစ်စရာကောင်းပြီးရိုးသားတဲ့မိန်းကလေး တစ်ယောက်ဆိုတာ သူမရဲ့ Interview ကိုကြည့်ရင်သိနိုင်ပါတယ်။ ငယ်စဉ်ကတည်းက ယခု အချိန်ထိ မဟုတ်တာဘာတစ်ခုကိုမှ မလုပ်ခဲ့တဲ့ ရသမျှငွေကြေးအားလုံးမိဘကိုပဲ ပြန်လည် ထောက်ပံ့ခဲ့တာပါလို့ သူကဆိုပါတယ်။ ဆဲဆိုနေကြသူတွေကိုလည်း ဘယ်လိုမှစိတ်မကွက် ခဲ့ပဲ သည်းခံခဲ့တယ်လို့သူမကဆိုပါတယ်။ ဝေဖန်မှုဟာ တိုးတက်မှုကိုဖြစ်စေပေမယ့် တစ်ချို့ ဝေဖန်ချက်တွေဟာ တိုက်ခိုက်တဲ့အဆင့်ကို ရောက်လာတဲ့အခါမှာတော့ ဝေဖန်ခံရသူအနေ နဲ့ စိတ်အားငယ်စရာအကြောင်းတရားတွေ ဖြစ်သွားတတ်ပါတယ်။

လောကဓံကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်လို့လည်း သူမရဲ့ Facebook မှာ တင် ထားပါ သေးတယ်။ လက်ရှိမှာတော့ သူမက ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ သူမရဲ့ Shooting က ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ အမြဲတမ်းချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ ပရိတ် သတ်တွေရဲ့ အချစ်ကို ရရှိခဲ့သူလေးက ဒီနေ့မှာလည်း ဘယ်လိုတွေချစ်စရာကောင်းတဲ့ ပုံရိပ်လေး တွေဖြစ်နေမလည်းဆိုတာ ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပြီနော်။

Photo – Phyu Phyu Htwe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။