အဆိုတော် G-fatt တစ်ယောက်ရဲ့ ဆေးထိုးခံရတဲ့ပုံတွေဟာ ရက်ပိုင်းအနည်းငယ်အတွင်း အွန်လှိုင်းပေါ် Trollခံရမှုအများဆုံးဖြစ်ခဲ့ပါတယ်။ သူ့အနုပညာအလုပ်တွေမလုပ်ခင်ကတည်းက သူငယ်ချင်း အချင်းချင်းစနောက်ရိုက်ထားတဲ့ G-fatt တစ်ယောက်သွားတိုက်နေတဲ့ပုံကို သူရဲ့ယခုနှစ်ကျရောက်ခဲ့တဲ့မွေးနေ့မှာ Birthday Wish အဖြစ် တင်ပေးခဲ့ရာကနေ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ 

ဒီပုံတွေပျံ့နှံ့ Trollခံရမှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုမယ်ဆိုတဲ့သတင်း တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းဟာတော့ ကောလဟာလတစ်ခုဖြစ်တယ်လို့ ပြောကြားထားပါတယ်။ Trollခံရမှုတွေကြောင့် ပထမစစချင်းနေ့မှာ စိတ်ပင်ပန်းမှုတွေရှိခဲ့ပေမယ့် နောက်ရက်တွေမှာတော့ သူ့ပုံတွေကြည့်ပြီး သူ့ ဘေးပတ်ဝန်းကျင်ကလူတွေရော သူ့အတွက်ရောပျော်စရာကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတယ်တဲ့။ နန်းဆုကလည်း G Fattရဲ့ပုံတွေကြည့်ပြီး အရမ်းကိုရီခဲ့ရတယ်။ သူ့ပရိတ်သတ်တွေက သူ့ကိုချစ်တဲ့အတွက် စနှောက်ကြတာနေမှာပါလို့လည်း ပြောပါတယ်။

G Fatt နဲ့ နန်းဆုတို့နှစ်ဦးဟာ အရမ်းကိုနားလည်မှုရှိတဲ့ စုံတွဲတစ်တွဲဆိုတာလည်း ပရိတ်သတ်ကြီးတို့ သိမြင်နိုင်ကြမှာပါ။ မုန်းတဲ့သူကြောင့်ဘဲဖြစ်ဖြစ် ချစ်တဲ့သူကြောင့်ဘဲဖြစ်ဖြစ် ဘယ်လိုပတ်ဝန်းကျင်ရိုက်ခတ်မှုတွေရှိပါစေ တစ်ယောက်ပေါ်တစ်ယောက်ရှုံ့ချအပြစ်တင်ခြင်းမရှိဘဲ ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြေရှင်းသွားတာ အရမ်းကိုအားကျအတုယူစရာကောင်းပါတယ်။ သူတို့နှစ်ဦးလုံးကိုချစ်တဲ့ ပရိတ်သတ်ကြီးတို့လည်း သူတို့ရဲ့အချစ်ရေးဒီထက်မကသာယာအဆင်ပြေပါစေလို့ ဆုတောင်းပေးကြပါအုံးနော်။ 

source-myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။