မျက်လုံးဟာ လူတစ်ယောက်အတွက် ဘယ်လောက်ထိအရေးပါတယ်ဆိုတာ သိကြတယ်မဟုတ်လား။ ဒီမျက်လုံးတွေကြောင့်ပဲ ပျော်ရွင်ကြရတယ်၊ ဒီမျက်လုံးကြောင့်ပဲ အလှပရေးရာ ခံစားတတ်လားကြတယ်။ ဒီမျက်လုံးကြောင့်ပဲ လှပတဲ့ချစ်သူတွေကိုရှာဖွေတွေ့ရှိကြတယ်လေ။ မျက်လုံးဟာနုနယ်လှပါတယ်။လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ရတယ်ဆိုတာ တော်တော်ကိုရှာပါးပါတယ်နော်။ ငယ်ငယ်လေးမှာတော့ သဘာဝ အတိုင်းလှပနေပေမဲ့ အသက်ကြီးလာလေ မျက်လုံးတွေရဲ့ဆွဲဆောင်နိုင်ခြင်းတွေက သူအလိုလိုလျော့နည်း လာတာမဟုတ်လား။ ဒါကြောင့်ကို်ယ်ပိုင်ဆိုင်ထားတဲ့မျက်ဝန်းလေးတွေကို အချိန်တိုင်းလှပနေစေဖို့ ၊ဆွဲ ဆောင်မှု့ရှိစေဖို့။ ခုတင်ပြပေးမဲ့ အချက်လေးတွေကို လိုက်နာပြီးလုပ်စေချင်ပါတယ်။ စားရေးသူကိုယ်တိုင်က လည်း လုပ်ဆောင်ပြီးအကျုုိးထူးရရှိနေတာမို့ တင်ပြပေးလိုက်ရပါတယ်။

မျက်လုံးညောင်းခြင်း၊ မျက်လုံးဖောင်းအစ်ခြင်း၊ အိပ်ရေးပျက်ခြင်းတွေဟာ မျက်လုံးရဲ့အလှတရားကို ပျက်စီး စေပါတယ်။ မျက်လုံးဟာလူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာအရေးကြီးပါတယ်။ တစ်ယောက် နဲ့တစ်ယောက်ကိုဆက်သွယ်ပေးနေတဲ့ မျက်လုံးလေးတွေက ညောင်းညာတဲ့ပုံစံပေါက်နေတယ် ၊ရဲပြီးမှုန်မှိုင်း နေတယ်ဆိုရင် ကိုယ့်ကို်လည်းယုံကြည်မှု့မရှိတော့ပါဘူး။ နောက်အကြောင်းရင်းကတော့ စိတ်ဖိစီးမှု့များခြင်း၊ မျက်ကပ်မှန်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ရေဓာတ်ခမ်းခြောက်တာလည်း ၊ကွန်ပျူတာအသုံးများတဲ့သူတွေ ဖုန်းအသုံးများတဲ့သူတွေ ဟာအဖြစ်များတတ်ပါတယ်။ကွန်ပျူတာကြည့်တဲ့အခါ အလင်းရောင်းရှိတဲ့အခန်း ၊အလင်းရောင်းလုံလုံလောက်လောက်ရှိတဲ့အခန်းတွေမှာ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ မျက်စိညောငး်ညာ ခြင်းဥပမာတွေကတော့မျက်လုံးကိုဖွင့်ထားသော်လည်း မသက်သာသလိုခံစားရခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ မျက်စိခြောက်သွေ့သလိုခံစားရပြီး၊ မျက်ရည်ပူကျခြင်း၊ မျက်ခမ်းတွေနာခြင်း၊ အလင်းရောင်းကို သေချာစွာ ကြည့်မရခြင်း၊ အိပ်ရာမှထထချင် မျက်လုံးကိုဖွင့်မရခြင်း၊ မျက်ချေးတင်ခြင်းတို့ခံစားရပါတယ်။

အထက်ပါအချက်တွေကို သက်သာအောင်လုပ်တဲ့နည်းလေးတွေကတော့ ရေခဲသေတ္တာထဲသိမ်းထားတဲ့ လက်ဖက်အိတ်နှစ်အိတ်ကို မျက်လုံးပေါ် မိနစ် ၂၀ ကြာတင်ပေးထားပါ။ မျက်စိလန်းဆန်းစေပါလိမ့်မယ်။ နောက်တစ်နည်းကတော့ ပျိုမေတို့သိထားတဲ့ သခွားသီးကိုစိတ်ပြီး မျက်လုံးပေါ်မိန်စ် ၃၀ ကြာတင်ထားပေး ပါ။ မျက်လုံးကြည်လင်အေးမျှစေပါတယ်။ နှင်းဆီ ဆီအနှစ်ရည်မှာစိမ်ထားတဲ့ဂွမ်းစကို မျက်လုံးပေါ် ၁၅ မိနစ် တင်ပေးပါ။ မျက်စိဖောင်းအစ်မှုအတွက် နို့အေးထဲစိမ်ထားတဲ့ဂွမ်းစကိုမျက်လုံးပေါ် ၁၅ မိနစ်တင်ပေးပါ။ လျော့ကျသွားပါလိမ့်မယ်။အေးနေတဲ့ဇွန်းနှစ်ချောင်းကို မျက်လုံးပေါ်တင်ထားရင်လည်း ညောင်းညာခြင်းတွေ သက်သာစေပါတယ်။ပြီးတော့ရေများများသောက်ပေးပါနော်။ မျက်လုံးယားယံခြင်း နွမ်းနယ်ခြင်းတို့အတွက် သန့်ရှင်းတဲ့ရေခဲရေနဲ့ ဆေးပေးပါက သက်သာစေပါတယ်။ကဲဒီလောက်ဆို လှပတဲ့မျက်ဝန်တစ်စုံကို ပိုင်ဆိုင် ဖို့နည်းလမ်းလေတွေရ ကြပါစေလို့ အားလုံးကိုဆုတောင်ပေးပါတယ်။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။