နာမည်ကျော် စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာလှိုင်ကတော့ မော်ဒယ်လောကမှာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ပျော်ရွှင်ကြည်နူးဖွယ် အချစ်ရေးပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်ဟာ သားသမီးတွေနဲ့ သူမရဲ့ ချစ်သူနဲ့ ဆက်ဆံရေးအဆင်ပြေတာမို့ သူမကို အားကျနေရတဲ့သူတွေရှိပါတယ်။

သူမကိုအပြည့်အဝတန်ဖိုးထားချစ်ခင်တဲ့ ခင်ပွန်းသည်ကြောင့် စိတ်ချမ်းသာနေပုံရတဲ့ သန္တာလှိုင်တစ်ယောက် သူမရဲ့ ဘဝဖြတ်သန်းမှု ၊ အိမ်ထောင်ရေးအတွေ့အကြုံတွေကို လူမှုကွန်ရက်ကနေ မကြာခဏ မျှဝေလေ့ရှိပါတယ်။

သန္တာလှိုင်ဟာ လက်တလောမှာတော့ ခင်ပွန်းသည်နဲ့အတူတူ တောတောင်ခရီးအတူထွက်နေပြီး သူမတို့ ဇနီးမောင်နှံရဲ့ ပုံလေးတွေကတော့ မြင်ရသူအဖို့ ကြည်နူးအားကျစရာကောင်းပါတယ်။

သန္တာလှိုင်ကတော့ သူမရဲ့ ဖေ့ဘုတ်မှာ အခုလိုရေးသားထားပါတယ်။

“တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေ

ဆိုတဲ့ စကားက အမှန်ပါ.....

သူနဲ့ နှစ်ယောက်ထဲ ရှမ်းပြည်က တောတောင်ထဲမှာ တဲကလေးထိုုး ပြီးတော့ ကိုယ်ဘာသာကိုယ် မီးမွေး ကိုယ်တိုင်ချက်ပြီး တစ်တောင်လုံးမှာ ကိုယ်တွေ နှစ်ယောက်ထဲ အိမ်သာက view အလှဆုုံး outdoor ကျေက်ကမ်းပါး.... အိပ်ခန်းက အရှေ့တောင်လိုက်ကာ ကြားကနေ နေထွက်လာတာနဲ့ မျက်နှာကိုတန်းထိုးပြီး နိုးတဲ့ မနက်ခင်းမှာ လေအေးအေးနဲ့ တောသံတောင်သံတွေ ကြားမှာ သူ့မျက်နှာအရင်ဆုံးမြင်ပြီး နိုးလာရတာ မြို့ထဲကိုတောင် ပြန်မလာချင်တော့ဘူူး.....

မိန်းမက တောထဲမှာ လျောက်သွားချင်တယ်ဆိုတော့ တောင်တက်စက်ဘီးနှစ်စီးကို ရအောင်စီစဉ်ပေးတယ်... သူ့ရှာဖွေတွေ့ရှိထားတဲ့ လူသူပြတ်တဲ့ နေရာက တောင်ကျရေချောင်းကလေးကိုလဲ ရေချိုးဖို့ ခေါ်သွားပေးတယ်... phone လိုင်းကလဲ မမိတော့ အနှောက်အယှက် ကင်းကင်းနဲ့ တစ်လောကကြီးလုံးမှာ ကိုယ်တွေနှစ်ယောက်ထဲလို့ ခံစားရတဲ့ ခရီးလေးမှာ ရှိတဲ့ အရာနဲ့ မိန်မးက ဘာချက်ကျွေးကျွေး အဲ့လက်ရာလောက် ကောင်းတာသူ့မှာ မရှိဘူူးတဲ့....” လို့ ဆိုပါတယ်။

သန္တာလှိုင် ကတော့ အကောင်းမြင်စိတ်ရှိသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ခင်ပွန်းနဲ့ ပျော်ရွှင်ဖွယ်ခရီးအတွေ့အကြုံကို အခုလို မျှဝေထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးရော အားကျသွားပြီလား။ 

Source : ThandarHlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။