အနာ ဂတ် မြန်မာ့ လက်ရွေး စင် ဘောလုံး သမား ကောင်း များ ပေါ်ထွက် လာရေး အတွက် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းမှ ကြီးမှူး ဖွင့်လှစ် လျက်ရှိသည့် School of Football သင်တန်း ကျောင်း၏ နိုဝင်ဘာလ သင်တန်း ဆင်းပွဲ အခမ်း အနားကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ပိုင်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီ ဖြစ်သည်။ ယခု သင်တန်း တွင် တက်ရောက် သူ စုစုပေါင်း ၉၄ ဦး တက်ရောက် သင်ကြား ခဲ့ပြီး Level 1 တွင် ၃၉ ဦး၊ Level 2 တွင်၁၅ ဦး နှင့် Level 3 တွင် ၄၀ ဦး တက်ရောက် သင်ကြား ခဲ့သည်။

ထို့နောက် သင်တန်း ဆင်းပွဲ အခမ်း အနား ကို ဆက်လက် ကျင်းပ ခဲ့ရာ ရန်ကုန် ယူနိုက် တက် အသင်း၏ နည်းစနစ် ဒါရိုက် တာ ဦးဝင်းသူ မိုး မှ အဖွင့် အမှာ စကား ပြောကြား ခဲ့သည်။ သင်တန်း ဆင်း လက်မှတ် များကို ရန်ကုန် ယူနိုက် တက် အသင်း အထွေထွေ မန်နေဂျာ ဦးစောခရစ်ယာန်လော က ပေးအပ် ချီးမြှင့် ခဲ့ရာ သင်တန်းသား များ ကိုယ်စား အုပ်ချူပ်သူ နည်းပြ ဆရာနှင့် သင်တန်း သား ကိုယ်စား လှယ်များ အသီးသီး တက်ရောက် လက်ခံခဲ့ ကြပြီး သင်တန်း ကို အမှတ် တရ ဓါတ်ပုံ ရိုက်ကူး ခြင်းဖြင့် ရုတ်သိမ်း ခဲ့သည်။

လာမည့် သင်တန်း များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ပြီး သင်တန်း သားများ စတင် လက်ခံလျက် ရှိသည်။ Level အလိုက် သင်တန်းကြေး များမှာ မူလအတိုင်း သတ်မှတ် ထားကြောင်း သိရသည်။ အသေး စိတ် ထပ်မံ သိရှိ လိုပါက သင်တန်း မှူး ဦးဧရာ မောင် ၀၉-၇၇၇၇၈၈၄၀၉ သို့ ရုံးချိန် အတွင်း ဆက်သွယ် မေးမြန်း နိုင်ပါ သည်။

Ref., Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။