မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးဖလားပြိုင်ပွဲမှာ အက်သလက်တီကို အသင်းဟာ အက်ပေါ်တီယူအသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ပထမအကျော့မှာ အက်ပေါ်တီယူ အသင်းကို ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး ပြတ်နဲ့ အက်သလက်တီကိုအသင်းဟာ ကိုပါဒရေးဖလား နောက်တဆင့်ကို တတ်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်၊

အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီယေကိုကော်စတာ၊ ဖာနန်ဒိုတောရက်စ်၊ ကာရက်စကို၊ ဖာနန်ဒက်၊ ဂါဘီ၊ ဗီတိုလို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်ပေါ်တီယူ အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဖီလစ်၊ နီယာဂါ၊ မိုလီနာ၊ ဂျာဗီလိုပက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကို အသင်းအတွက် ရာသီဝက်မှာကစားခွင့်ရရှိခဲ့တဲ့ တိုက်စစ်မှုးဒီယေကို ကော်စတာက တော့ သုံးပွဲကစားထားပြီး နှစ်ဂိုးသွင်းယူထားကာ တစ်ဂိုး ဖန်တီးပေးထားနိုင်တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်ထိ နှစ်သင်းလုံးဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပဲ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။၅၇ မိနစ်မှာတော့ ကာရက်စကို က အက်သလက်တီကိုအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။၇၄ မိနစ်မှာတော့ ဂါမဲရိုးက ဒုတိယဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။အက်သလက်တီကိုအသင်းအတွက် သုံးဂိုးမြောက်ဂိုးကိုတော့ ၈၁ မိနစ်မှာ ဗီတိုလို ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။