စနေ့ညမှာတော့ ဘောလုံးလောကရဲ့ ပြိုင်အဆိုင်မှုအပြင်းထန်ဆုံးပွဲအဖြစ် သတ်မှတ်ထားတဲ့ EL Clasico ပွဲကို နူးကမ့်ပ်ကွင်းမှာ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ တွေ့ဆုံဖို့ရှိနေပါတယ်။ EL Clasico ပွဲတွေက မကြာခဏဆိုသလို တဦးချင်းစီက ဆုံးဖြတ်ပေးတတ်ပါတယ်။ စနေနေ့မှာ ကစားမယ့် EL Clasico ပွဲမှာတော့ စောင့်ကြည့်ရမဲ့ ကစားသမားခြောက်ဦးကို skysports မှ Guillem က ရွေးချယ်ထားပါတယ်။

အဆိုပါ ကစားသမားများကို ဖော်ပြပေးလိုက်ပါတယ်။

Guillem (skysports)
မာဆယ်လို - ရီးရဲလ်မက်ဒရစ်
မာဆယ်လိုရဲ့ တိုက်စစ် ခြိမ်းခြောက်မှုကို လျှော့တွက်လို့ မရပါဘူး။
တာစတီဂျန် - ဘာစီလိုနာ (ဂိုး)
တာစတီဂျန်ဟာ အခုရက်ပိုင်းတွေမှာ တည်ငြိမ်တဲ့အနေအထားမှာရှိနေပါတယ်။
မိုဒရစ် - ရီးရဲလ်မက်ဒရစ်
မိုဒရစ်ဟာ ရီးရဲလ်ကွင်းလယ်ရဲ့ အဓိကစောင့်ကြည့်ရမဲ့ကစားသမားတဦးအဖြစ် ဆက်လက်ရှိနေဆဲပါ။
အင်နီရေစတာ - ဘာစီလိုနာ
အင်နီယေစတာရဲ့ အခန်းကဏ္ဍဟာ ဒီနှစ်ပိုင်းမှာ အပြောင်းအလဲများနေပါတယ်။
ဘင်ဇီမာ - ရီးရဲလ်မက်ဒရစ်
ဘင်ဇီမာဟာ ရော်နယ်ဒိုအတွက် နေရာလွတ်တွေ အများအပြားဖန်တီးနိုင်ပါတယ်။
နေမာ - ဘာစီလိုနာ
နေမာကတော့ ပြောပြစရာမလိုလောက်အောင်ပါပဲဆိုတာ မာလာဂါနဲ့ပွဲတုန်းက နောက်တန်းကို ဘောလုံး ကျော်ယူသွားတဲ့ စကေးကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါကတော့ Skyports က ရွေးချယ်ထားတဲ့ စောင့်ကြည့်ရမဲ့လူစာရင်းဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးတို့ရော….???

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။