လာမယ့်ဒီဇင်ဘာလမှာ သင့်ရဲ့အချစ်ရေးက ဘယ်လိုဖြစ်နေမလဲဆိုတာ ဆရာစံဇာဏီဘိုကိုယ်တိုင် ဟောပေးထားပါတယ်။ 

မိဿရာသီ -ARIES(မတ် ၂၁ မှ ဧပြီ ၂၀)

အဆိုးအညံ့ကင်း၍ အဆင်ပြေသော အနေအထားနှင့် ဘဝအခြေအနေတို့ကိုရရှိမည်။ စိတ်သောကဖြစ်စရာများကြုံမည်။ အပြိုင်အဆိုင်များနှင့် ထိပ်တိုက်တွေ့မည်။ အပြိုင်အဆိုင် အနှောင့်အယှက်များကိုရင်ဆိုင်ဖယ်ရှား၍ အဆင်ပြေငြိမ်းချမ်းသော မေတ္တာရေးကိစ္စများကြုံမည်။ ပြောင်းလဲမှုအလုံးစုံသည် အေးချမ်းသော အနာဂတ်ကို ဖြစ်ထွန်းစေမည်။ နေထိုင်မှုလုပ်ငန်း၊ ဘဝဆက်ဆံရသော ဝန်းကျင်အလုံးစုံတွင် အပြောင်းအလဲများရှိမည်။ စစ်မှန်သောမေတ္တာနှင့် မိမိအပေါ်အကျိုးပြုသောသူများကိုတွေ့မည်။ နှလုံးသားခံစားချက်နှင့် ချစ်ခြင်းဆိုင်ရာမေတ္တာရေးနှင့် ဆက်နွယ်သော ခံယူချက်များပြောင်းလဲမည်။ ဘဝအတွက်လက်တွဲတိုင်ပင်ဖော်ကိုရွေးချယ်နိုင်သည်။

ယတြာ- အနီရောင်အသည်းနှလုံးပုံပါသောအဝတ်အထည် (သို့မဟုတ်) ပစ္စည်းအသုံးအဆောင်တစ်ခုကို သောကြာနေ့တွင် ဝတ်ဆင်သုံးစွဲပါ။

ပြိဿရာသီ- TAURUS(ဧပြီ ၂၁ မှ မေ ၂၁ )

ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။ ပဋ္ဋိပက္ခများကိုဖြေရှင်းနိုင်မည်။ ရန်အတိုက်အခံများအားလုံးကို ဖြေရှားနိုင်မည်။ ချစ်သူဟောင်းများနှင့် ပြန်လည်ဆုံစည်းမည်။ ချစ်သူနှင့် မိမိအကြား ပဋ္ဋိပက္ခဖြစ်မည်။ ပြဿနာအဟောင်းများကို ပြန်လည်ဖြေရှင်းရလိမ့်မည်။ ဆန့်ကျင်ဘက်ပြုသူများနှင့်တွေ့မည်။ အတိတ်ကာလ၊ မိမိအား အသည်းခွဲဒုက္ခပေးသူ ပြန်လည်၍ ဘဝအတွင်းဝင်ရောက်လာမည်။ ရန်များခြင်း၊ အပြန်အလှန် ပဋ္ဋိပက္ခဖြစ်ခြင်းနှင့် စိတ်ပင်ပန်းခြင်းကို ကြုံမည်။ ရေရှည်လက်တွဲမည်ဟု တည်ငြိမ်စွာဆုံးဖြတ်ထားသည်။ ဖူးစာရှင်မှန်နှင့် တွေ့ဆုံနေသူများပင်လျှင် စကားများရခြင်း၊ အပြန်အလှန် ပဋ္ဋိပက္ခဖြစ်ပေါ်ခြင်းများရှိမည်။

ယတြာ- တစ်လက်မအောက်ရွှေဇီးကွက်မောင်နှံရုပ်ကို ယူ၍ အုန်းပင်တစ်ပင်၏ ပင်စည်တွင် သံချောင်းတစ်ချောင်းစိုက်သွင်းကာ ၄င်းအရုပ်ကို ချိတ်ဆွဲပါ။ တစ်ည အိပ်ချိတ်ဆွဲပါ။ ၄င်းအရုပ်ကိုဆောင်ပါ။

မေထုန်ရာသီ - GEMINI(မေ ၂၂ မှ ဇွန် ၂၁)

ချစ်ခြင်းမေတ္တာနှင့်ဆက်နွယ်၍ စိတ်ချမ်းမြေ့ ရခြင်းကိုကြုံမည်။ ဝေးကွာနေသူများနှင့် ပြန်လည်ဆုံစည်းမည်။ အခက်အခဲများကိုပြေလည်အောင် ဖန်တီးနိုင်မည်။ နှစ်ဦးကြားဖြစ်ပေါ်နေသော အခက်အခဲများပြေလည်သွားမည်။ (၅၂၈) ၊ (၁၅ဝဝ) မေတ္တာအလုံးစုံကောင်းသောကာလဖြစ်သည်။ နီးစပ်မှုမှသည် ဖွဲ့တည်လာသောမေတ္တာနှင့် အပြန်ပြန်အလှန်လှန် မေတ္တာတုန့်ပြန်မှု ပြုမည်။ မိဘ၊ မိသားစု ဝန်းကျင်မှ ဆက်နွယ်လာသော မေတ္တာကမ်းလှမ်းမှုများရှိမည်။ တစ်သက်တာ လက်တွဲရန်အတွက် စဉ်းစားဆုံးဖြတ်ရန် အခါသင့်သည်။ ကိုယ်တိုင်ဆုံးဖြတ်ထားပြီး ကိစ္စအား တစ်ပါးသူဝေဖန်ပြောဆိုမှုကြောင့် ရှေ့တိုးရန်တုံ့ဆိုင်းခြင်း မရှိသင့်။

ယတြာ- ဆွယ်တော်ရွက် တစ်ရွက်ကို အဖြူရောင် မျက်နှာသုတ်ပုဝါ အလယ်တွင် ၅ ရက်ကြာ ထားရှိပြီး၊ ၄င်းမျက်နှာသုတ်ပုဝါကို သုံးစွဲပါ။

ကရကဋ္ဋ်ရာသီ -CANCER(ဇွန် ၂၂ မှ ဇူလိုင် ၂၂ )

ပျော်ရွှင်ငြိမ်းချမ်းခြင်းနှင့် ဆုံစည်းခြင်း၏ နိမိတ်ဖုံးလွှမ်းနေသည်။ စိတ်ချမ်းမြေ့ စရာများကြုံမည်။ မေတ္တာရေးကံကောင်းမည်။ ဖူးစာစစ်၊ ဖူးစာမှန်နှင့် မေတ္တာကံပေါ်ထွန်းသည်။ ချစ်လျက်နှင့် ခွဲခွာနေသူတို့ ပြန်လည်ဆုံစည်းမည်။ အပြန်ပြန် အလှန်လှန် အထင်လွဲမှားခြင်းကို ပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မည်။ အသက် ၃၀ အထက်၊ အမျိုးသမီးကြီးများအဖို့ မိဘအသိုင်းအဝိုင်း ဝန်းကျင်မှတစ်ဆင့် ဂုဏ်သိက္ခာရှိစွာ ကမ်းလှမ်းသော မိမိထက်ငယ်သော ဖူးစာရှင်များနှင့် ကြုံမည်။ အသက် ၂၅ ဝန်းကျင် ကျား၊ မ မရွေးတို့သည်ကား ထိတွေ့နေသော ဝန်းကျင်မှ အပြန်အလှန် နားလည်မှုရှိသူနှင့် မေတ္တာမျှမည်။ အေးချမ်းတည်ငြိမ်သော မေတ္တာကံပေါ်ထွန်းမည်။

ယတြာ-သယ်ဆောင်သော အိတ် (သို့မဟုတ်) ဖုန်းတွင် လှုပ်ခါသောအခါ အသံမြည်သော ခေါင်းလောင်း (သို့မဟုတ်) ချူကိုဆွဲထားပါ။

သိဟ်ရာသီ- LEO(ဇူလိုင် ၂၃ မှ ဩဂုတ် ၂၃)

အနှေင့်အယှက်အခက်အခဲများ လွှမ်းမိုးနေမည်။ ချစ်သူအပေါ်လွှမ်းမိုးသော အခြားသောသူတစ်ယောက် ပေါ်ပေါက်နေသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အထင်လွှဲမှားမှုများ ဖြစ်တက်သည်။ ချစ်သူ၏ကတိပျက်မှုအပေါ် အခြေတည်သော ပြဿနာများရှိမည်။ ကာလအတန်ကြာကြိတ်မှိတ်ခံစားနေရသည်များ တစ်စစများလာ၍ စကားများရန်ဖြစ်ခြင်းများရှိမည်။ ပျိုရွယ်သူများအဖို့ သံယောဇဉ်မထားသင့်သူအားထားခြင်း၊ အချစ်မှားခြင်း၊ ဆုံးဖြတ်ချက်မှားခြင်းများ ဖြစ်မည်။ မိဘ၊ မိသားစုအပေါ် ကလန်ကဆန်ပြု၍၊ အချစ်ရေးကိစ္စကိုဦးစားပေးသူများ၊ ချစ်သူက သစ္စာမဲ့၍ စိတ်သောကကြုံမည်။ အခြားသူများမှ စွပ်စွဲခြင်းကြောင့်ဖြစ်သော ပြဿနာများကို အရွဲ့ တိုက်ရာမှ ဖြေရှင်းရန်ခက်ခဲသော အနေအထားရောက်ရှိမည်။

ယတြာ- သောကြာနေ့ ၊ နေဝင်ချိန် ၊ အလင်းတန်းအောက်တွင် အနောက်အရပ်သို့ မျက်နှာမူကာ ရိုက်ထားသောဓါတ်ပုံကို ဏ့သအသ ှအညေိ တွင်ထားရှိပါ။

ကန်ရာသီ- VIRGO(ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၂ )

အချစ်ရေးကိစ္စတွင်ကြုံတွေ့နေရသော အညံ့အဆိုးများ ကင်းစင်သွားမည်။ နှစ်ဦးကြားဖြစ်ပေါ်နေသော အနှောင့်အယှက်များပပျောက်မည်။ အပြန်အလှန်နားလည်မှုနှင့် ပျော်ရွှင်သောဘဝ အခြေအနေသို့ ဦးတည်မည်။ အရွယ်ရောက်သူများအဖို့ ဘဝတစ်သက်တာရေရှည်ခိုင်မြဲသော အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်မည်။ မိသားစုတွင် လူလွတ်ရှိက အိမ်ထောင်ကျမည်။ အလှူမင်္ဂလာပွဲများသို့သွားရင်း စန်းပွင့်ခြင်းများကြုံမည်။ အနေအထိုင်အေးချမ်းသောသူများပင်လျှင် မိဘဝန်းကျင်မှတစ်ဆင့် ဝင်ရောက်လာသော မေတ္တာကမ်းလှမ်းမှုနှင့် အိမ်ထောင်ရေးကိစ္စကြုံမည်။ ချစ်သူနှင့်ခွဲခွာ၍အထီးကျန်သူများ စန်းပွင့်မည်။ နှစ်ဦးပူးတွဲ၍အခက်အခဲများကို ဖြေရှင်းနိုင်မည်။

ယတြာ-အပြာရောင်ဖဲကြိုးနှင့် အနီရောင်ဖဲကြိုးကို အလယ်မှထုံးချည်ကာ ၄င်းအထုံးအား ရေးမွှေးဖျန်း၍ အိတ်တွင်ဆောင်ပါ။

တူရာသီ- LIBRA(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ )

ပျော်ရွှင်ချမ်းမြေ့ ဖွယ်ရာနှင့် တည်မြဲအေးချမ်းသော အချစ်ရေးကံပေါ်ထွန်းမည်။ မိမိအပေါ်နာဒလည်မှုအပြည့်အဝရှိသောသူနှင့် ဆုံတွေ့ရခြင်းရှိမည်။ မိသားစုမှသော်လည်းကောင်း၊ ပတ်ဝန်းကျင်မှသော်လည်းကောင်း လက်ခံသည့်သူနှင့် မေတ္တာရေးကိစ္စပေါ်ပေါက်မည်။ ကိုယ့်အပေါ်သစ္စာခိုင်မြဲစွာနှင့် ဘဝကိုရင်းကာ ချစ်တက်သောသူနှင့် တွေ့မည်။ ပေါ်ပေါက်လာသော အချစ်ကိစ္စနှင့် မေတ္တာရေးရာအဖြာဖြာသည် ရေရှည်အပြည့်အဝအကျိုးပေးသော အနေအထားကိုဦးတည်မည်။ ကာလရှည်ကြာ အထီးကျန်၍အချစ်ကံခေနေသူများအဖို့ အချစ်ကံကောင်းခြင်းနှင့် ခိုင်မာတည်မြဲသောအချစ် ပေါ်ထွန်းမည်။

ယတြာ- ရွှေရောင်အပ်ချိတ်နှစ်ခုကို အပြန်အလှန်ချိတ်၍ ရွှေရောင်စက္ကူနှင့် ပတ်ကာမိမိအိတ်တွင် ဆောင်ယူပါ။

ဗြိစာ°ရာသီ- SCORPION(အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ )

သန့်စင်သောမေတ္တာ၊ ခိုင်မာသောအချစ်နှင့် ဘဝတစ်သက်တာ သစ္စာရှိနိုင်သောသူတွေ့ လင့်ကစား၊ အခြေအနေ ဘဝခြင်းမတူ၊ ခြားနားခြင်းကြောင့် ချစ်လျှက်နှင့် လမ်းခွဲရသော အနေအထားကြုံမည်။ ဧကစာရီကျင့်ကြံနေသော ရသေ့အလား အထီးကျန်သောရက်များကို နွမ်းနယ်စွာဖြတ်သန်းရမည်။ အမျိုးသမီးများအဖို့ မိမိနှစ်သက်သူနှင့် မိဘဝန်းကျင်မှလက်ခံသူတို့ မတူခြားနားမည်။ ကိုယ်ကယုံစားမှုအပြည့်နှင့် ပတ်ဝန်းကျင်ကို ဥပက္ခာပြု၍ လက်တွဲဖော်ရွေသူက ကိုယ့်အပေါ်အချစ်လျှော့၍ စိတ်အပြောင်းအလဲဖြစ်နေမည်။ အမျိုးသားများအဖို့ အပျော်သဘောနှင့် အချစ်ရေးကိစ္စ နွယ်ယှက်ရာမှ လေးလေးနက်နက်ရှိသော အချစ်မေတ္တာ ပေါ်ထွန်းလာမည်။

ယတြာ-နှင်းဆီအနီတစ်ပွင့်၊ အဖြူတစ်ပွင့်ကို အစိမ်းရောင်ဖဲကြိုးနှင့် ပူးတွဲချည်၍ ဖန်ပန်းအိုးတွင် ထည့်ကာ မိမိအနီးအပါး၌ထားရှိပါ။

ဓနုရာသီ- SAGITTARIUS(နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ )

ရေရှည်အပြန်အလှန်လက်တွဲနိုင်မည့်သူကို တွေ့ဆုံနိုင်မည်။ ကာလရှည်ကြာအပြန်အလှန်မေတ္တာရှိလျက် လှစ်ဟခြင်းမရှိသော ချစ်ခြင်းစကားနှုတ်ဖျားမှထွက်ကာ လက်တွဲညီညာအဆင်ပြေမည့် အနေအထားရှိသည်။ ကာလရှည်ကြာအထီးကျန်သောဘဝအား စွန့်၍ချမ်းမြေ့ ဖွယ်ဘဝအခြေအနေကို ရောက်ရှိမည်။ ကံကြမ္မာရဟတ် တစ်ပတ်လည်၍ ကိုယ့်အပေါ် ဒုက္ခ ပင်လယ်ဝေအောင် ပြုခဲ့သူတို့အား ပြန်လည်တုုံ့ပြန်ရန်အခြေအနေကောင်းကို ရရှိမည်။ အတိတ်ကာလမှ လွန်စွာချစ်ခဲ့ရသောသူနှင့်လည်း ပြန်လည်ဆုံစည်းရလိမ့်မည်။ ဖြစ်ပေါ်လာသောအပြောင်းအလဲနှင့် အခက်အခဲအားလုံးကို် ကျော်လွှားကာ သစ်လွင်ငြိမ်းအေးချမ်းသော ဘဝအခြေအနေကို ရရှိမည်။

ယတြာ- နှင်းဆီပန်းအနီတစ်ပွင့်ကို အရွက်သုံးရွက်ချန်၍ ကျန်အရွက်များ ခြွေပြီး၊ အဖြူရောင်ေြွကပန်းအိုးနှင့် ထိုးထားပါ။

မကာရရာသီ- CAPROCORN(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀ )

မဝံ့မရဲအချစ်စိတ်ပေါ်ထွန်းနေသည်။ မိသားစုကိုလည်းကောင်း၊ မိတ်ဆွေအသိုင်းအဝိုင်းကိုလည်းကောင်း၊ အသိမပေးပဲ သိုသိုသိပ်သိပ် လျို့ ဝှက်စွာ ချစ်ကြိုးသွယ်သော မေတ္တာရေးကံ ပေါ်ပေါက်မည်။ လူမျိုး၊ ဘာသာနှင့် ဆက်ဆံကြီးပြင်းခဲ့သော ဝန်းကျင်အလုံးစုံတို့မတူ ခြားနားသောသူများနှင့် အချစ်ရေးကိစ္စများ ပေါ်ပေါက်မည်။ အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော အချစ်ရေးကိစ္စများတွင် နှစ်ဦးအကြားဝင်ရောက် ရှုပ်ရှုပ်ထွေးထွေးပြုသူပေါ်မည်။ မိန်းမချင်းမနာလိုမှုကြောင့် အပြန်အလှန်ဖြစ်သော ပဋ္ဋိပက္ခကြား စိတ်ရှုပ်ရကိန်းကြုံမည်။ ပေးထားသောကတိ ပျက်ယွင်းသော ချစ်သူအပေါ် စိတ်ငြိုငြင်ရလိမ့်မည်။

ယတြာ-လရောင်အောက်တွင် လက်ကိုင်ပုဝါအဖြူတစ်ထည်ကို ရေမွှေးဖျန်း၍ထားပြီး၊ ၄င်းပုဝါအတွင်း၊ ဓါတ်ပုံညှပ်၍အနီးတွင်ထားပါ။

ကုမ်ရာသီ- AQUARIUS(ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈ )

ငွေတံတိုင်း၊ ရွှေတံတိုင်းကွာခြား၍ ကျောခိုင်းရမည်။ ချစ်ခြင်းမေတ္တာ၏အနှစ်သာရတွင် ဘဝလုံခြုံစိတ်ချရမှုနှင့် အမြင့်ဘုံပေါ်စံထားလိုမှုတို့သည် မေတ္တာစစ်ကို အနိုင်ရမြဲဖြစ်သည်။ ချစ်သူကောင်းစားရေးအတွက် နောက်ဆုတ်လမ်းခွဲရသော အနေအထားကြုံမည်။ အမျိုးသမီးများအဖို့ လက်ရှိလက်တွဲနေသောချစ်သူထက် အစစ အရာရာသာမြင့်သော သူတစ်ဦး၏ လေးနက်စွာ အချစ်တောင်းခံလာမှုအပေါ် မေတ္တာတုံ့ပြန်၍ အချစ်ဟောင်းကို လက်တွဲဖြုတ်လိမ့်မည်။ အချစ်ယှဉ်ပြိုင်ပွဲတွင်လည်း ငွေဂုဏ်၊ ဓနရှိန်ဝါ သာသူတို့က အနိုင်ယူစမြဲဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေသည့် ဘဝအသိကို နာကြည်းသောခံစားချက်နှင့် ရင်း၍ နားလည်သဘောပေါက်ရမည့်ကာလဖြစ်သည်။

ယတြာ-ကြွေပန်းအိုးတွင် ကျောက်စရစ်ခဲတစ်ခဲထည့်၍ ရေဖြည့်ပြီး၊ သစ္စာပန်းတစ်ခက်ထည့်၍ အမြင့်တွင်ထားရှိပါ။

မိန်ရာသီ- PISCES(ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

ကွဲကြေခြင်း၊ ထိရှခြင်း၊ စိတ်ပင်ပန်းခြင်းနှင့် စိတ်သောကဖြစ်ခြင်းများကြုံမည်။ ရှေ့ဆက်ရမည့် ခရီးလမ်းသည် ဆူးခင်းသောလမ်းနှင့် ဓါးတောင်ကိုကျော်ဖြတ်ရမည့်အလားဖြစ်သည်။ စိတ်အနှောင့်အယှက်နှင့် အခက်အခဲများ ဆက်တိုက်ကြုံတွေ့ရမည်။ ကြိုတင်တွက်ဆမထားသော ပြဿနာများ၊ အခက်အခဲများကို တစ်မျိုးပြီးတစ်မျိုး ကြုံရလိမ့်မည်။ စိတ်အနှောင့်အယှက်များနှင့် ရန်အနှောင့်အယှက်များတွေ့မည်။ ကိုယ့်အပေါ်နားလည်မှုခေါင်းပါးသူများအကြား၊ စိတ်သောကရောက်မည်။ ပျိုရွယ်သူများအဖို့၊ ရှေ့ဆက်လှမ်းရန် ခက်ခဲခြင်းကိုကြုံမည်။ စိတ်သောကဖြစ်စရာများကြုံမည်။ မိဘ၊ မိသားစုနှင့် မိမိအကြား၊ ပြဿနာ အချစ်ရေးကိစ္စတို့ကို အကြောင်းပြု၍ စိတ်သောကဖြစ်ရမည်။

ယတြာ-ငှက်နှစ်ကောင်ကြည်နူးစွာ ချစ်ကြည်မွေ့နေသော ဓါတ်ပုံ သို့မဟုတ် ပိုစတာကို မိမိအိပ်ရာ၏ ဘယ်ဘက်အမြင့်တစ်နေရာတွင် ထားရှိပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။