နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် အမိုက်စားပုံစံတစ်မျိုးနဲ့ လူမှားရလောက် အောင်ကိုလန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ သူမက ဟာသ Video လေးတွေနဲ့ ပရိတ် သတ်တွေကို ဖမ်းစားခဲ့ တာဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်လူသိများတဲ့ အနေအထား တစ်ခုကို ရောက်ရှိနေပြီပဲ ဖြစ်ပါ တယ်။ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင်အားပေးခဲ့ကြ တာပဲဖြစ်ပါတယ်။ ဟာသ Video လေးတွေရိုက်ကူး ရာမှာ ပရိတ်သတ်ရယ်မောပျော်ရွှင်အောင် ဖန်တီးရတာမို့ တစ်ချို့အပိုင်းတွေဟာ လူပြော စရာတွေဖြစ်လာခဲ့ပါတယ်။

ဝေဖန်သူတွေက အမျိုးမျိုးဝေဖန်ခဲ့ကြပေမယ့် သူမအနေနဲ့ဘယ်လိုမှမတုန့်ပြန်တာကိုလည်း တွေ့ရပါတယ်။ သူမကိုဒီလိုပြောရလို့ ဝေဖန်သူတွေကျေနပ်ကြမယ်ဆို ပြောပါဆိုပြီး သူမက ပြန်လည်ပြောဆိုခဲ့ပါတယ်။ ရသမျှအနုပညာကြေးအကုန် မိဘကိုပြန်လည်ထောက်ပံ့ခဲ့တယ် လို့ ဆိုပါတယ်။ ငယ်စဉ်အလုပ်လုပ်ကတည်းက ရသမျှငွေကြေးအကုန် မိဘကိုပြန်လည်ပေး အပ်ခဲ့ပြီး လက်ထဲမှာကိုယ်ပိုင်ငွေကြေးများများစားစားမထားခဲ့ဘူးလို့ဆိုပါတယ်။ ဒီလိုအကြောင်းတွေကြောင့်ပဲ သူမလက်ထဲမှာ ငွေပြတ်သလိုလိုဖြစ်နေပြီဆိုတာနဲ့ အလုပ်က တစ်ခုမဟုတ်တစ်ခုရောက်လာတယ်လို့ ဆိုပါတယ်။

မနေ့ကတော့ OOTDMYANMAR အတွက် ရိုက်ကူးပေးထားတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်တွေထံချပြခဲ့ပါတယ်။ အမြဲတမ်းပြုံးရွှင်နေတဲ့ ရုပ်ကလေးက တည်လိုက်တော့ လည်း တည်ငြိမ်တဲ့ပုံစံလေးနဲ့ အရမ်းကိုကြည့်ကောင်းနေပါတယ် ပရိတ်သတ်ကြီးရေ။ အရင်ကပုံတွေနဲ့ မတူပဲ တစ်မျိုးလေးကွဲထွက်နေတဲ့ပုံစံလေးက ခပ်မိုက်မိုက်လေးနဲ့ အရမ်းကို ကြည့်ကောင်းနေပါတယ်။ ဖြူဖြူထွေးရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo – Phyu Phyu Htwe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။