မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးဖလားပြိုင်ပွဲမှာ ဗလင်စီယာအသင်းဟာ အိမ်ကွင်းမှာ လက်စ်ပါးမား အသင်းကို ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ပထမအကျော့က လက်စ်ပါးမား အိမ်ကွင်းမှာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကျထားခဲ့တာလည်းဖြစ်ပါတယ်။နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုး နဲ့ ဗလင်စီယာအသင်းဟာ စပိန်ကိုပါဒရေးဖလားပြိုင်ပွဲ နောက်တဆင့် တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဇာဇာ၊ ဗီယက်တို၊ ပါရဲရား၊ မက်ဆီမိုဗစ်၊ ကွန်ဒေါ့ဘီယာ၊ ဂျယ် တို့ိကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လက်စ်ပါးမားအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ကယ်လီရီ၊ ဂျိုင်းရို၊ ဟာနန်၊ ဟာလီလိုဗစ်၊ ဂိုမက်၊ ကာစတယ်လာနို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လက်စ်ပါးမားအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမှာ ဗလင်စီယာအသင်းက ပိုမိုထိရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းအတွက် အဖွင့်ဂိုးကိုတော့ မိနစ် ၃၀ မှာ ဗီယက်တို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းအတွက် ဒုတိယဂိုးကိုလည်း ၄၈ မိနစ်မှာ ဗီယက်တိုက ပဲ သူရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူပေးခဲတာဖြစ်ပါတယ်။၅၄ မိနစ်မှာတော့ မက်ဆီမိုဗစ်က တတိယဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဗလင်စီယာအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ၆၆ မိနစ်မှာ ဗီယက်တို က သူရဲ့ ဟတ်ထရစ်ဂိုးအဖြစ်သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။