အုန်းဆီကို လူတိုင်းသိပြီးသာပါနော်။ အုန်းဆီကို အသုံးပြုတဲ့နေရာတွေကလည်း များစွာရှိတဲ့အထဲ က တကယ်ကို လူတိိုင်းလွယ်တကူလုပ်နိုင်တဲ့ ဗဟုသုတလေးအနေနဲု့ တင်ပြပေးမှာပါနော်။ အုန်းဆီကို ဟင်းချက်ဆီအဖြစ်အသုံးပြုနိုင်ပါတယ်။ နို့ထွက်ပစ္စည်းမပါတဲ့ ထောပတ်အစားထိုးအဖြစ် အသုံးပြုနိုင်ပါ တယ်။ ဟင်းရွက်သုပ်ရာမှာလည်းအသုံးပြုနိုင်ပါတယ်။ အုန်းဆီတစ်ဇွန်း ကို ကော်ဖီ၊လက်ဖက်ရည် တို့ တွင် မလိုင်နှစ်အဖြစ်ထည့်သုံးခဲ့ရင်လည်း အအေးမိတုပ်ကွေး လည်းချောင်းနာတာကို် သက်သာစေပါတယ်။ မိခင်များအနေဖြင့် အုန်းဆီ တနေ့ကို ၂ ဇွန်းသောက်ပေးရင် ဗီတာမင် D ရရှိစေပြီး နို့ထွက်အားကောင်းစေ ပါတယ်နော်။အုန်းဆီမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် တို့က အရိုးနဲ့သွားများကို ခိုင်မာစေပါတယ် ။အကြော်အလှော်တွေအတွက်လညး် စိတ်ချစားသုံးနိုင်တဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ အပူချိန်မြှင့်ကြော်ရတဲ့ ပြောင်းဖူးပေါက်ပေါက်ဖောက် လုပ်ရတွင်လည်း အုန်းဆီကအကောင်းဆုံး ဆီအဖြစ်အသုံးပြုနိုင်ပါတယ်။

ဟင်းချက်ရာတွင်လည်း မြေပဲဆီ သို့မဟုတ် နှမ်းဆီ တို့နှင့်ရောကာ အုန်းဆီကိုအသုံးပြုနိုင်ပါတယ်။ အုန်းဆီ ကိုဟင်းစားဇွန်း တစ်ဇွန်း စားပေးပါကလည်း အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ အယ်ဇိုင်းမားဖြစ်နေ သူတွေအတွက် အုန်းဆီကိုစားပေးပါက ပြန်လည်ကောင်းမွန်စေပါတယ်နော်။ကလေးတွေအတွက် အတက် ရောဂါကို ကုသနိုင်ပါတယ်နော်။အုန်းဆီကိုစားသုံးခြင်းဖြင့် အစာအိမ်အနာဖြစ်ခြင်းနင့် ပြည်တည်နာ သွားဖုံးနာ ၊ဂနိုရောဂါ ကိုယ်တွင်းမှိုများကို သက်သာပျေက်ကင်းစေပါတယ်။ ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။တွန့်လိမ်နေတဲ့ သွေးပြန်ကြောတွေကို လျော့ကျစေပါတယ်။ အုန်းဆီစာခြင်းက ခန္ဓာကို်ယ်ထဲမှာ အဆီမဖြစ်ပဲ စွမ်းအင်အဖြစ်ပြောင်းလဲသွားပါတယ်။ တစ်ခြားသောအဆီများသာ ခန္ဓာကိုယ် မှာ မလိုအပ်တဲ့ အဆီတွေဖြစ်စေနိုင်ပါတယ်။ အသည်းရောဂါကို ကာကွယ်ပေးပါတယ်နော်။ ကျောက်ကပ် ထဲကျောက်တည်ခြင်းကို ပျော်ကျသွားစေပါတယ်။ သည်းခြေကျောက်မတည်အောင်လည်း ကူညီပေးပါ တယ်။ အဆစ်ရောင်ခြင်းကိုလည်းသက်သာစေပါတယ်။

အုန်းဆီတွင်ပါဝင်တေဲ့ Luric Acid ကြောင့် အရွယ်တင်နုပျိုစေပါတယ်။ အုန်းဆီမှာဖက်တီးအက်ဆစ် ပါဝင်ခြင်းကြောင့် စိတ်ကျခြင်းစိုးရိမ်သောက ဖြစ်ခြင်းတွေကို ပြေပျေက်စေပါတယ်။ ခေါင်းကိုက်ခြင်းတွေကို လည်းသက်သာစေနိုင်ပါတယ်။ အုန်းဆီကို နေ့စဉ်မှန်မှန်စားပေးပါက ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ ခန္ဓာကိုယ် အတွင်းသွေးဖြူဥများစွာတွေရှိရခြင်းကို အုန်းဆီကျွေးပါက ပြန်လည်ကောင်းမွန်စေပါတယ်။ ဗိုက် ခေါက်ထူးလွန်းနေသူတွေအတွက် တစ်နေ့ကို ဟင်းစားဇွန်း (၃)ဇွန်းစားပေးပါနော် ၁၂ ပတ်အတွင်း မှာ လျော့ကျသွားပါလိမ့်မယ်။ အုန်းဆီတစ်ဇွန်းကို ချင်းပြုတ်ရည်ထဲ ထည့်သောက်ခြင်းက အော်ဂလီဆန်ခြင်း၊ နှလုံးပူတာတွေကို သက်သာစေနိုင်ပါတယ်။ကဲဒီလောက်ဆို အုန်းဆီရဲ့အသုံးဝင်ပုံကို သိရှိနိုင်ပြီမို့ အားလုံးကို နှုတ်ဆက်ပါတယ်နော်။ ရွင်လန်းကျန်းမာကြပါစေ။

Source : မင်းဝင်းထိန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။