ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း တစ်ခြမ်းပိတ်၍ အကြီး စားအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကို ဖေဖော်ဝါရီတွင် စတင်မည်ဟု မြန်မာ့မီးရထားစီမံကိန်း ဒါရိုက် တာ ဦးဘမြင့်က ပြောကြားခဲ့ပါတယ်။ မြို့ပတ်ရထားလမ်းပိုင်း အကြီးစားပြုပြင်ခြင်း လုပ်ငန်းကို မူလက ၂၀၁၇ အောက်တိုဘာ တွင် စတင်ရန် လျာထားသော် လည်း တင်ဒါလုပ်ငန်းများ မပြီးပြတ်သဖြင့် စီမံကိန်းစတင်မည့် ကာလကို ရွှေ့ဆိုင်းခဲ့ရပါတယ်။‘‘အစောဆုံး ဖေဖော်ဝါရီ လောက် သေချာပါပြီ။ မူလ လျာ ထားတဲ့ ကာလအတွင်း စီမံကိန်း ပြီးပြတ်အောင် လုပ်သွားမှာပါ။ အကြီးစားပြုပြင်တဲ့ လုပ်ငန်းတွေ ကို ပြီးခဲ့တဲ့လတွေက မလုပ်နိုင်ခဲ့ ပေမယ့် လုပ်လို့ရနိုင်သလောက် လုပ်ငန်းတွေကို စတင်ထားနိုင်ခဲ့ ပါတယ်’’ဟု ဦးဘမြင့်က ပြော သည်။

မြန်မာ့မီးရထားသည် ဂျပန် အစိုးရ၏ ချေးငွေကန်ဒေါ်လာ ၂၀၆ သန်းကျော်နှင့် နိုင်ငံတော်ဘတ်ဂျက် ကန်ဒေါ်လာ ၉၄ သန်းကျော် ဖြင့် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှာလည်းဖြစ်ပါတယ်။ မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ ၍ အပိုင်းနှစ်ပိုင်းဖြင့် စတင်အဆင့်မြှင့်တင်မည်ဖြစ်ပြီး အရှေ့ခြမ်းကို အောက်တိုဘာမှ ၂၀၁၈ မေလအထိလည်းကောင်း၊ အနောက်ခြမ်းကို ၂၀၁၈ အောက် တိုဘာမှ ၂၀၁၉ မေလအထိလည်းကောင်း စီမံကိန်းကာလ သတ်မှတ်ဆောင်ရွက်မည်ဟု မြန်မာ့ မီးရထားက ကနဦးထုတ်ပြန်ထား ပါတယ်။ သို့သော် စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်မည့် ကုမ္ပဏီနှင့် ညှိနှိုင်းချက်အရ မူလအစီအစဉ် အတိုင်း လုပ်မည်မဟုတ်တော့ဘဲ ရထားလမ်းပိုင်း အနောက်ခြမ်း ကို စတင်ပြုပြင်မည်ဟု ဦးဘမြင့် က ပြောသည်။

စီမံကိန်း လုပ်ငန်းဆောင် ရွက်နေစဉ်ကာလအတွင်း အ သွား၊ အပြန် နှစ်လမ်းအနက် တစ် လမ်းကိုသာ ပြေးဆွဲစေပြီး ကျန်တစ်လမ်းကိုဖြုတ်၍ အဆင့်မြှင့် မည်ဟု မြန်မာ့မီးရထားက ထုတ် ပြန်ထားပါတယ်။ လက်ရှိ မြို့ပတ်ရထားလမ်း ပိုင်းသည် ၂၉ မိုင်ခန့် ရှည်လျားပြီး မြို့တစ်ပတ်ခုတ်မောင်းချိန် ၂ နာရီမိနစ် ၅၀ ခန့် ကြာမြင့်ရာမှ ယင်းစီမံကိန်းပြီးစီးပါက ၁ နာရီ မိနစ် ၅၀ ခန့်သာ ကြာမြင့်မည်ဖြစ်သည်။ ထို့အပြင် မြို့ပတ်ရထားစီး နင်းသူ လက်ရှိ၌ တစ်ရက်လျှင် ကိုး သောင်းခန့်ရှိရာမှ စီမံကိန်းပြီးစီး ပါက သုံးသိန်းခန့်အထိရှိလာရန်မြန်မာ့မီးရထားက မျှော်မှန်းထားပါတယ်။မြန်မာ့မီးရထားသည် လက် ရှိတွင် တစ်ရက်လျှင် ရထား ၂၂ စီးဖြင့် နေ့စဉ်အခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေသည်။

Source - 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။