ခန္ဓာကိုယ်အလှနဲ့ ပုရိသတွေကြားနာမည်ကျော်တဲ့ အေးမြတ်သူဟာ သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

" လက်ရှိအနေအထားမှာ အေးမြတ်သူ ခေါင်းအစခြေအဆုံးပေါ့ ဘာမှမပြုပြင်ထားဘူး။ အခုလက်ရှိမှာလည်း အေးမြတ်သူဘာမှ ပြင်ချင်တာတွေမရှိသေးဘူး။ အဲဒါက အခု ၅ နှစ်တာလောက်ပတ်ဝန်းကျင်ကိုပြောတာ။ အသက် ၄၀ မှာ၊ ၅၀ မှာ အေးမြတ်သူမပြောတတ်သေးဘူး။ တစ်သက်လုံးမလုပ်ဘူးလို့တော့ အေးမြတ်သူအာမ မခံဘူး။ လုပ်ကောင်းလုပ်လိမ့်မယ်၊ လုပ်တဲ့အသက်အရွယ်ကလည်း အဲလို ၄၀ ကျော် ၅၀ မှဖြစ်လိမ့်မယ်။ ပြင်ချင်တယ်ဆိုရင်တော့ အေးမြတ်သူထင်တယ်၊ အသက်အရွယ်အရ လျော့ရဲလာတဲ့ ဥပမာ-ရင်သားမျိုးရှိမယ်၊ အဲလိုမျိုးပေါ့နော်။ အခုလက်ရှိမှာ ခန္ဓာကိုယ်ပေါ်မှာ အေးမြတ်သူမကြိုက်တဲ့နေရာက ခြေချောင်းလေးတွေမကြိုက်ဘူး။ အေးမြတ်သူခြေချောင်းတွေက မလှဘူးလို့ကိုယ့်ကိုယ်ကို ခံစားရတယ်။ "

ဆက်လက်ပြီး ဒီလိုခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းထားသလဲဆိုတာနဲ့ ပတ်သတ်ပြီး

" ဂျင်မ်ဆော့တယ်၊ ဂျင်မ်ဆော့တာကို အေးမြတ်သူ ဘယ်လိုပြောရမလဲ၊ ၀ါသနာတစ်ခုလိုဖြစ်သွားတယ်။ အလုပ်မရှိရင် အိပ်ရေးဝအောင်အိပ်မယ်၊ ရုပ်ရှင်ကြည့်မယ်။ ပြီးရင် အစားကောင်းကောင်းစားမယ်၊ ဂျင်မ်သွားမယ်။ အဲဒါပဲ။ ဒါက အေးမြတ်သူ Work Out သဘောမျိုးလုပ်နေဖြစ်တာပေါ့။ တကယ်လို့သာ အချိန်ပိုရခဲ့မယ်ဆိုရင် အားကစားလုပ်ချင်တယ်။ ကျွမ်းဘားခုန်တာမျိုး၊ ရေကူးတယ်ဆိုလည်း လှလှပပစနစ်ကျကျကူးတတ်တာ မျိုးပေါ့။ အဲလိုအားကစားတစ်ခုကိုတော့ စိတ်ရောကိုယ်ရော နှစ်ပြီးလုပ်ချင်ပါတယ်။ " လို့ ပြောကြားခဲ့ပါတယ်။

အားကစားအပြင် အစားကောရှောင်သလားဆိုတာကိုတော့ လွတ်လပ်ပွင့်လင်းတဲ့ မင်းသမီးလေးက ယခုလိုပဲဖြေကြားခဲ့ပါတယ်။

" အစားအသောက်ပိုင်းကတော့ အေးမြတ်သူက စားတယ်။ ခရင်မ်တွေဆိုလည်းတအားကြိုက်တယ်။ အေးမြတ်သူက ချဉ်၊ ငံ၊ ဖန်၊ ခါး၊ စပ် တော့မစားဘူး။ ချိုဆိမ့်အရသာတွေတအားစားတဲ့သူ။ ဒါပေမဲ့ ကိုယ်စားသလောက် လည်း ကိုယ့်ကိုယ်ကို ပြန်ပြီးဆော့နိုင်အောင်ကြိုးစားတယ်။ ဒါတွေကို ပြန် Burn လို့ရအောင် လေ့ကျင့်ခန်းလုပ်ဖို့တော့ ကိုယ့်ကိုယ်ကိုတွန်းအားတော့ပေးတယ်။ ပိန်ချင်လို့ အစားရှောင်တဲ့အထဲမှာတော့ အေးမြတ်သူမပါဘူး။ "

Source : MODA Interview

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။