ဂီတလမ်းကြောင်းပေါ်ရောက်အောင် ကိုယ့်အစွမ်းစနဲ့အောက်ခြေကနေ တက်လာတဲ့ အနုပညာရှင်ထဲမှာ ရက်ပ် အဆိုတော် Gfatt တစ်ယောက်လည်း ပါ၀င်နေပါတယ်။

အဆိုတော် Gfatt ဟာ အမိုက်စားRap သီချင်းအလန်းလေးတွေကြောင့် လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအခိုင်အမာရရှိနေသူဖြစ်ပါတယ်။

လက်တလောမှာတော့ အဆိုတော် ဂျီဖတ်ဟာ သူ့ရဲ့ မိန်းကလေးပရိသတ်တစ်ယောက်ကို ဖေ့ဘုတ်ကနေတစ်ဆင့် ကျေးဇူးတင်စကားဆိုထားတာကို တွေ့ရပါတယ်။

အကြောင်းရင်းကတော့ သူ့ရဲ့ မကြာမီထွက်ရှိတော့မယ့် 120 B ဆိုတဲ့ သီချင်းခွေနာမည်ကို သူမရဲ့ မိန်းကလေးပရိသတ်တစ်ဦးက ကျောပြင်မှာ တက်တူးထိုးထားလို့ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပီတိဖြစ်နေပုံရတဲ့ ဂျီဖတ်တစ်ယောက် သူ့ပရိသတ်ကို အခုလို “ငါ့မွေးနေ့ငါ့နာမည်တင်မက ငါ့အခွေနာမည်ပါ တစ်ချို့ပရိတ်သတ် အရည်ပြားပေါ် သေရာပါထိုး 120/B Comingsoon Gfatt 2018 ThankU Sis Myat Phyu Khaing” လို့ရေးပြီး ကျေးဇူးတင်စကားဆိုလိုက်တာပါ။

သူ့ရဲ့ နောက်ထွက်မယ့်အခွေနာမည်ကို အခုတစ်ခေါက်မှာ တက်တူးထိုးရုံသာမက ဂျီဖတ်ရဲ့ မွေးနေ့ ၊ နာမည် ကိုပါ ကျောပြင်မှာ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း တက်တူးထိုးထားပြီးသားဖြစ်ပါတယ်။

မိန်းကလေးပရိသတ်အများစုရဲ့ ၀န်းရံခံရသူ အဆိုတော်ဂျီဖတ်ကတော့ သူ့ပရိသတ်တွေနဲ့လည်း အမြဲလိုလို ရင်းရင်းနှီးနှီးနေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဂျီဖတ် အတွက် တက်တူးကိုကြွေသွားပြီလား။  

Source : Gfatt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။