နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးတစ်ယောက် ကန်းခြေမှာလန်းနေတဲ့ သူမရဲ့ အမိုက်စားပုံရိပ်တွေကို တင်ထားပါတယ်။ အစိမ်းရောင်အင်္ကျ ီလက်ပြတ်လေးကို အနက်ရောင် ဘောင်းဘီအတိုလေးနဲ့တွဲဖက်ဝတ်ဆင်ထိားပြီး ဆံပင်ကိုအပြောင်စည်းကာ နေကာမျက်မှန် တပ်ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက တကယ့်ကိုလုံးဝအကြွေစင်ပါပဲ ပရိတ် သတ်ကြီးရေ။ သူမဟာ Snare အဖွဲ့က အဆိုတော်ဖြိုးလေးနဲ့လည်း ချစ်သူတွေ ဖြစ်နေကြပြီး ချစ်သက်တမ်းဟာလည်း နှစ်နှစ်ကျော်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သားက အရမ်း ကိုလိုက်ဖက်ပြီး ကြည့်ကောင်းနေပါ တယ်။

သူမဟာ သီချင်းခွေတစ်ခွေကိုလည်းထွက်ရှိထားပြီး ပရိတ်သတ်တွေကလည်း အားပေးကြမ်း ခဲ့ကြပါ တယ်။ သူမတို့ချစ်သူနှစ်ယောက်ဟာလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်ခင်ကြပြီး ပရိတ်သတ်တွေအားကျရတဲ့ ဆယ်လီစုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ လက်ရှိမှာ တော့ ဝါဆိုမိုးဦးတစ်ယောက် ငွေဆောင်ကမ်းခြေကိုရောက်ရှိနေတာဖြစ်ပြီး ရေကူးကန်နဲ့ အတူ သူမရဲ့ အလှတွေက စွဲမက်ဖွယ်ဖြစ်နေပါတယ် ပရိတ်သတ်ကြီးရေ။

သူမရဲ့ Facebook မှာ ၁ပတ်လောက် Fb မှာပုံမတင်ပဲနေလိုက်တာ ခုလို ဝတုတ်လာရော ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ဘယ်ချိန်ကြည့်ကြည့် စွဲဆောင်မှုအပြည့်နဲ့ အမြဲတမ်းလှပ နေတဲ့ ဝါဆိုမိုးဦးရဲ့ ကမ်းခြေရောက် အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးလည်း ထပ်တူမြင် တွေ့နိုင်အောင် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။

Photo – Warso Moe Oo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။