သရုပ်ဆောင်ခင်လှိုင်နဲ့ ဂွမ်းပုံလေးတို့ကတော့သဘာဝကျတဲ့ ဟာသလုပ်ကွက်လေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မော ပျော်ရွှင်စေတဲ့ မောင်နှမနှစ်ယောက်ပဲဖြစ်ပါတယ်။ဝါရင့်အနုပညာရှင်တွေဆိုတဲ့အတိုင်း အတွဲညီညီနဲ့ တာဝန် ယူထားရတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ် ဖော် ကြတာကြောင့် ပရိသတ်တွေ အရမ်းကို သဘော ကျနေရတဲ့သူတွေပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ လည်းသူတို့ရဲ့ အနုပညာ ခြေလှမ်းအသစ်လေး ဖြစ်တဲ့ "လင်ကြောက်ရွှာ" ဆိုတဲ့ဇာတ်ကားလေး ရိုက်ကူးနေကြတယ်လို့သိရပါတယ်။

မကြာသေးခင်ကထွက်ရှိခဲ့တဲ့ "မယားကြောက ်ရွှာ" ဇာတ်ကားလေးမှာလည်း နှစ်ယောက်သား အတွဲ ညီညီသရုပ်ဆောင် သွားခဲ့တာကြောင့် ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့ကြတာ ပဲဖြစ်ပါတယ်။ယခုဆက်လက် ရိုက်ကူးနေတဲ့ "လင်ကြောက်ရွှာ" ဇာတ်ကားလေး ထဲမှာလည်း တမူထူးခြားတဲ့ ပုံစံအသစ်လေးတွေနဲ့ ယခင် ဇာတ်ကားလေးထက် ပရိသတ်တွေပိုမိုရယ်မော နိုင်စေရန်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ယခု ပရိသတ်တွေမြင်တွေ့ ရတဲ့ စတိုင်အလန်းနဲ့ မင်္ဂလာပွဲတက်ခဲ့တဲ့ ပုံရိပ်လေးတွေကတော့ လင်ကြောက်ရွှာ ရုပ်ရှင်ကားကြီးထဲမှ ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့ပဲဖြစ်ပါတယ်။ 

ပရိသတ်တွေအချစ်တော် ခင်လှိုင်ရဲ့ လူမှုကွန် ယက်မှာလည်း "ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူး သည့် လင်ကြောက်ရွှာ ဇာတ်ကားမှ ကျွန်တော် တို့ မောင်နှမ စတိုင် " ဆိုတဲ့စာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ပုံရိပ်လေး တွေမျှဝေထား တာပဲ ဖြစ်ပါတယ်။ရိုက်ကွင်းပေါ်က ပုံရိပ်လေး တွေ မြင်ရတာနဲ့တင် တကယ်ကိုပျော်ရွှင်နေရ ပြီပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ယခင် "မယားကြောက်ရွှာ"ဇာတ်ကားလေးတုန်းကလို ယခု ကားလေးကိုလည်း တစ်ခဲနက် အားပေး ကြအုန်းမယ်လို့ ယုံကြည်ပါတယ်။ပရိသတ်တွေ ရုပ်ရှင်ကား လေးကို ရုံမှာသွားကြည့်ပြီး မရယ် မောခင်အချိန် လေးမှာ အကြိုအနေနဲ့ ကြည့်ရှု့ ခံစားနိုင်စေရန် ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ခင်လှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။