ပြည်သူ့အချစ်တော် အနုပညာရှင်စုံတွဲတွေထဲမှာ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံနှစ်ယောက်ကလည်း အားကျစရာကောင်းတဲ့အိမ်ထောင်ရေးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူတို့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကို စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ပရိသတ်အရေအတွက်ကလည်း ဒုနဲ့ ဒေးပါပဲ။

နာမည်ကြီးစုံတွဲဖြစ်တဲ့ နိုင်ငံကျော်မင်းသားအကယ်ဒမီ ပြေတီဦး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ ရှုတင်မှာ အေးအေးလူလူပဲ နှစ်ယောက်သား ထမင်းလက်ဆုံစားဖြစ်ခဲ့ပါတယ်။

တီတီနဲ့ အူဝဲ တို့ ဇနီးမောင်နှံဟာ ရှုတင်မှာပဲ ကုလားထိုင်လေးမှာထိုင်ပြီး ကြုံသလိုလေး လက်ဆုံစားဖြစ်ပုံကို အူဝဲက သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။

ဒိတ်ဒိတ်ကျဲ အနုပညာရှင်တွေဖြစ်ပေမယ့်လည်း အရှိန်အဝါမထားပဲ ပကာသနကင်းစွာ ထမင်းစားနေတဲ့ပုံလေးတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုသွားရပြန်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတစ်ကားကို အတူတူရိုက်ကူးနေတဲ့ သူတို့စုံတွဲဟာ အလုပ်တွေကို နေ့မနားညမနား အတူတူကြိုးစားနေတာဖြစ်ပြီး အားလပ်ချိန်တွေမှာလည်း သားသမီးတွေနဲ့အတူ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိပါတယ်။

အနုပညာလောကမှာ ၀ါရင့်သဘာရင့်စုံတွဲဖြစ်တာမို့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာအပြင် ကြော်ငြာတွေနဲ့ ပွဲဆက်တွေများနေတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ပါတယ်။ ယခုနှစ်အကယ်ဒမီပေးပွဲမှာတော့ သူတို့နှစ်ဦးအတူတူသရုပ်ဆောင်ထားတဲ့ ရင်ဘတ်ထဲက ဓား ဇာတ်ကားက ပရိသတ်တွေပေးတဲ့ အကယ်ဒမီကို ရရှိထားပါတယ်။ ရောက်တဲ့အရပ်မှာ ပျော်ပျော်နေတတ်တဲ့ အူဝဲတို့ ဇနီးမောင်နှံကို ချစ်တဲ့သူတွေရှိလား။  

Source : Eaindrakyawzin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။