အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးတစ်လက်လည်း ဖြစ်သူကတော့ အိချောပို ဖြစ်ပါတယ်။ သရုပ်ဆောင် ပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို အပြည့်အဝရရှိထားတဲ့ သူမဟာ တလောက ညီမဖြစ်သူနဲ့အတူ သီချင်းတစ်ပုဒ်ကို တွဲဆက်သီဆိုပြီး mtv တစ်ပုဒ် ရိုက်ကူးထွက်ရှိခဲ့ပါတယ်။ 

"GYPSY BOY" ဆိုတဲ့ သီချင်းကို ညီမဖြစ်သူနဲ့အတူ တွဲဖက်သီဆိုခဲ့ပြီး သရုပ်ဆောင် ထူးအောင်က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီ mtv ထဲမှာတော့ ထူးအောင်နဲ့ အိချောပိုတို့နှစ်ဦးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးထားသူတွေဖြစ်ပြီး အိချောရဲ့ ညီမလေး အိသီရိချိုမောင် က မျက်နှာသစ်တစ်ဦးဖြစ်ပါတယ်။ သို့ပေမယ့်လည်း အမဖြစ်သူလိုပဲ ချစ်ဖို့ကောင်းတဲ့ သူမကိုတော့ ပရိသတ်တွေသတိထားမိခဲ့ကြပြီး Facebook မှာဆိုရင်လည်း သူမရဲ့ Fan group တောင်ရှိနေပြီလို့ သိရပါတယ်။

အိချောညီမလေးရဲ့ နာမည်ကတော့ "အိသီရိချိုမောင်" လို့ သိရပါတယ်။ YTU မှာ Civil engineering နဲ့ ပတ်သတ်လို့ သင်ယူခဲ့ပြီး လက်ရှိမှာတော့ MBA အတန်းတက်ရောက် သင်ယူနေတယ်လို့ သူမရဲ့ လူမှုစာမျက်နှာမှ တဆင့်သိရပါတယ်။ ယနေ့ခေတ် လူငယ်တစ်ဦးဖြစ်တဲ့ သူမဟာ သူမရဲ့ အလှဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုစာမျက်နှာမှာ တင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်သေးပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အိချောရဲ့ ညီမ အိသီရိချိုမောင် ရဲ့ ညီမလေး ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......

Source: Ei Thiri Cho Mg

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။