လူကြမ်းသရုပ်ဆောင်နဲ့ ဇာတ်ပို့၊ဇာတ်ရံ နေရာပေါင်းစုံကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းလာခဲ့တဲ့ သရုပ်ဆောင် ဦးဇော်မှိုင်းကတော့ သူဘဝရဲ့အခက်အခဲတွေနဲ့ ဇာတ်ပို့ဇာတ်ရံတို့ရဲ့ ခက်ခဲမှုတွေကို အခုလိုပဲပြောပြလာပါတယ်

“ထုတ်လုပ်သူတွေကအစ အနုပညာလုပ်အားခ ပေးချင်ရင် မင်းသား၊ မင်းသမီးတွေကို အရမ်းပေးချင်တယ်။ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်းလေးတွေ တောင်းပြီဆိုရင် ပေးချင်တဲ့ စိတ်ဓာတ် အားနည်းတယ်.. ဟိုခတ်တုန်းက ဇာတ်ကားရိုက်နေတဲ့ သူတွေဟာ ဇာတ်လမ်းအရ သူတို့ကိုက်ညီတဲ့ ဇာတ်ကောင်ကိုရွှေးချယ်တယ် ကိုက်ညီတဲ့ ဒေသတွေသွားရိုက်တယ်..

.ဒီကုန်ကျစရိတ်ကို သူတို့မတွက်ဘူး ဇာတ်ကားကောင်းဖို့ ဇာတ်ကားကောင်းမှ ပရိသတ်ကိုလည်း တန်ရာတန်ကြေး ယူထားတဲ့ပိုက်ဆံလေးတွေကျေအောင် ပရိသတ်တွေလဲ အဆင့်မြင့်မြင့်ကြည့်ရအောင် သဘာဝကျကျကြည့်ရအောင် ဟိုတုန်းကရည်ရွှယ်ချက်နဲ့ရိုက်တယ်.. အခုခေတ်ထုတ်လုပ်သူတွေကတော့ ကားတစ်ကားရိုက်လိုက်ရင်သူတို့အဖို့ ဘယ်လောက်ကျန်မှဆိုတော့ အဲ့ဒီလိုနည်းတွေ စနစ်တွေနဲ့လုပ်လိုက်တော့ ဌားသင့်ဌားထိုက်တဲ့သူတွေလည်း မဌားတော့ဘူး သွားသင့်သွားထိုက်တဲ့နေရာတွေလဲ မသွားတော့ဘူး ပေးသင့်ပေးထိုက်တဲ့ ဟာတွေဆိုရင်လဲမပေးတော့ဘူး”

source - myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။