မြန်မာဘောလုံးချစ်ပရိသတ်ကြီးမျှော်လင့်နေကြတဲ့MNLပွဲစဉ်တွေပြန်စပါပြီပရိသတ်ကြီးရေ။ဘောလုံးပွဲတွေမရှိလို့ပျင်းနေတဲ့ပရိသတ်ကြီးအတွက်တော့

ဝမ်းသာစရာသတင်းပါပဲ။နေရှင်နယ်လိဂ်ရဲ့ပထမဆုံးအဖွင့်ပွဲစဉ်

ကတော့တန်းတက်ကလပ်အသင်းစစ်ကိုင်းယူနိုက်တက်နဲ့

ရခိုင်ယူနိုက်တို့အသင်းရဲ့ပွဲပါပဲ။စစ်ကိုင်းယူနိုက်တက်ဟာ

တန်းတက်အသင်းဖြစ်ပေမယ့်ပြင်ဆင်မှုအားကောင်းတဲ့

အသင်းပါ။ဒါ့အပြင်ဒီပွဲကိုလည်းအိမ်ကွင်းမုံရွာမှာကစားရမှာပါ။

တစ်ခုရှိတာကပြိုင်ဘက်ရခိုင်ယူနိုက်တက််အသင်းဟာလည်း

ရာသီဖွင့်ပွဲစဉ်တွေမှာရလဒ်ကောင်းတဲ့အသင်းပါ။အဖွင့်ပွဲစဉ်

ခြောက်ပွဲကစားထားရာမှာရန်ကုန်အသင်းကိုသာ

ရှုံးထားတာတွေ့ရပါတယ်။ဒါပေမယ့်ပွဲငတ်နေတာကြာပြီ

ဖြစ်တဲ့ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကဧည့်သည်ရခိုင်

အသင်းကိုအခက်တွေ့စေမှာပါ။စစ်ကိုင်းနည်းပြဇော်လင်းထွန်းကလာအားပေးတဲ့ပရိသတ်တွေ

ကျေနပ်မှုရရှိစေရမယ်လို့ကတိပေးထားပါတယ်။ရခိုင်ယူနိုက်တက်ကစားသမားစည်သူသန်းစိုးကတော့

မုံရွာကွင်းမှာကစားမယ့်ပွဲမှာခက်ခဲနိုင်ပေမယ့်အကောင်းဆုံး

ကြိုးစားသွားမယ်လို့ပြောပါတယ်။

စစ်ကိုင်းယူနိုက်တက်နဲ့ရခိုင်အသင်းတို့ရဲ့ပွဲဟာအပေါ်မှာပြောခဲ့သလိုစိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ပါ

။အဆိုပါပွဲကိုဒီနေ့ညနေသုံးနာရီခွဲမှာကျင်းပမှာဖြစ်ပြီးကွင်းအတွင်းလာရောက်မကြည့်နိုင်တဲ့

ပရိသတ်တွေအတွက်လည်းရုပ်သံလိုင်းတွေဖြစ်တဲ့MRTV,MRTV-4နဲ့For Sportsရုပ်သံလိုင်းတွေမှာတိုက်ရိုက်ထုတ်လွှင့်ပြသ သွားမှာပါ။စစ်ကိုင်းနဲ့ရခိုင်တို့ရဲ့ပွဲအပါအဝင်MPT MNL2018

ရဲ့ပထမဆုံးပွဲစဉ်တစ်မှာစုစုပေါင်းပွဲစဉ်ခြောက်ပွဲပါဝင်ကစား

သွားကြမှာပါ။ရန်ကုန်နဲ့ဟံသာဝတီ၊ရတနာပုံနဲ့ဧရာဝတီတို့လို့

အသင်းကြီးတွေထိပ်တိုက်တွေဆုံနေတာမို့ပွဲစဉ်တွေဟာ

စိတ်လှုပ်ရှားစရာအပြည့်နဲ့ပါပဲ။

Source -MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။