ဓမ္မတာ လာနေစဉ်အတွင်း နာကျင်ကိုက်ခဲခြင်းက မိန်းကလေး အများစု တွေ့ကြုံ ခံစားနေရစမြဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုလျှင် အလုပ်ပျက်သည် အထိ ဝေဒနာ ခံစားရပြီး လစဉ် ဓမ္မတာ လာမှာကိုတောင် ကြောက်နေရသည် အထိ ဖြစ်တတ်ပါတယ်။ ဒီလို ခံစားရတဲ့ ဝေဒနာတွေက ကင်းဝေးစေနိုင်မယ့် အရေးကြီးသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်တာမို့ မိန်းကလေးတွေအတွက် သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

(၁) မိန်းမကိုယ် သန့်ရှင်းရေး ပြုလုပ်ပါ။

မိန်းမကိုယ်ကို သန့်စင်တဲ့ အခါ အမွှေးနံ့ မပါသော ဆပ်ပြာပျော့ (သို့မဟုတ်) ဆပ်ပြာ မပါဘဲ ကြက်သီးနွေး ရေကို သုံးပြီး မိန်းမကိုယ် အပေါ်ယံကို ဆေးကြောသန့်စင်ပါ။ မိန်းမကိုယ် အတွင်းပိုင်းအထိ ဆေးကြောခြင်း၊ အားပြင်းသော ပိုက်ဖြင့် ဆေးကြောခြင်းများကို မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။

(၂) ကြက်သီးနွေးရေကို အသုံးပြုပြီး ရေချိုးပါ။

ဓမ္မတာလာနေစဉ် အတွင်း ရေချိုးတဲ့အခါ ကြက်သီးရေနွေးကို သုံးပြီး ရေချိုးခြင်းဖြင့် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲ နာကျင်မှုကို သက်သာစေပါတယ်။ 

(၃) လစဉ်သုံးပစ္စည်းကို လဲလှယ်ပါ။

အနည်းဆုံး ၄ နာရီ တစ်ခါ လစဉ်သုံး ပစ္စည်းကို လဲလှယ်ပေးပါ။

(၄) ပေါ့ပါးသော အဝတ်အစားကို ၀တ်ဆင်ပါ။

ချည်သား အဝတ်အစားများ၊ ပွလျောင်းသော အဝတ်အစားများနှင့် သက်တောင့်သက်သာ ရှိစေနိုင်သော အဝတ်အစားများကို ၀တ်ဆင်ပါ။ ဓမ္မတာ လာနေတာကို မေ့ထားပြီး လွတ်လွတ်လပ်လပ် နေပါ။

(၅) စိတ်ကို ပေါ့ပေါ့ပါးပါး ထားပါ။

ဓမ္မတာ လာနေတဲ့ အပေါ်ကို စိတ်ရောက်ပြီး စိတ်ကျဉ်းကျပ်နေတာမျိုး၊ မလွတ်လပ်တာမျိုးနှင့် ဝေဒနာ ခံစားနေရတာမျိုး မဖြစ်ပါစေနဲ့။ စိတ်ကို ပေါ့ပေါ့ပါးပါး ထားပြီး စိတ်ဖိစီးမှုများကို လျှော့ချပါ။ အိပ်ရာထဲ လဲနေတာမျိုး၊ အလုပ်ပင်ပင်ပန်းပန်း လုပ်တာမျိုးကိုလည်း ရှောင်ကြဉ်ပါ။ နေ့စဉ် ပုံမှန် နေမြဲ အတိုင်းနေပါ။ ဒီအချက်ကလည်း နာကျင်ခြင်းကို ကင်းဝေးစေမှာဖြစ်ပြီး ဒီလို အချိန်ကို လွယ်လွယ်ကူကူ ဖြတ်ကျော်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

ဖော်ပြပါ သတင်းအချက်အလက်များကို သိရှိပြီးနောက် ကျန်းမာ၊ ချမ်းသာပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။