တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ Park Bo Gum ကတော့ သူ့ဘဝရဲ့ အရေးကြီးဆုံး အရာတွေကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၈)ရက်နေ့က Vogue Taiwan မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ အင်တာဗျူး ဗီဒီယိုလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

အဲ့ဒီ ဗီဒီယိုလေးထဲမှာတော့ Park Bo Gum က သူ့ဘဝရဲ့ အရေးကြီးဆုံးအရာ(၃)ခုကို ပြောပြခဲ့ပါတယ်..။

Park Bo Gum က လေ့လာသင်ယူမှု၊ ဟန်ချက်ညီပြီး ညီမျှမှု၊ စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုတွေဟာ သူ့ဘဝရဲ့ အရေးအကြီးဆုံးအရာတွေအဖြစ် ပြောပြခဲ့တာ ဖြစ်ပါတယ်..။

အဲဒီအရာ(၃)ခုဟာ သူ့ဘဝရဲ့ အရေးကြီးဆုံး အရာတွေအဖြစ် ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်..။

ပထမဆုံးလေ့လာသင်ယူမှုကတော့ “ကျွန်တော်တို့တွေဟာ အမြဲတမ်း လေ့လာသင်ယူနေကြရတာပါ.. မင်းသားတစ်ယောက်အနေနဲ့ကလည်း သရုပ်ဆောင်ခြင်း အတတ်ပညာတွေကို သင်ယူနေတာပါ.. ဒါကြောင့် ကျွန်တော့အတွက်တော့ သင်ယူလေ့လာခြင်းဟာ အရေးကြီးဆုံးပါပဲ.. ပြီးတော့ ကျွန်တော် နိုင်ငံခြား ဘာသာစကားကိုလည်း လေ့လာသင်ယူချင်ပါသေးတယ်..” ပြောကြားထားပါတယ်..။

ဒုတိယအချက်ဖြစ်တဲ့ ဟန်ချက်ညီမှုနဲ့ ညီမျှမှုကတော့ “အားလုံးကို ဟန်ချက်ညီညီထိန်းထားဖို့ကတော့ ဘဝမှာ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါပဲ.. ကျွန်တော့အလုပ်အကိုင်နဲ့ အနားယူတဲ့ အချိန်တွေကိုလည်း ညီမျှစွာအချိန်ယူတတ်ဖို့ကလည်း အရေးကြီးတယ်လို့ ထင်ပါတယ်..” လို့ ပြောပြခဲ့ပါသေးတယ်..။

နောက်ဆုံး အချက်ပျော်ရွှင်မှုကတော့ “ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်မှုတွေကတော့ ဘဝအတွက် အရေးကြီးဆုံး အရာတစ်ခုပါပဲ.. ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်မှုထဲမှာတော့ အပေါ်က ပြောခဲ့တဲ့ အချက်အားလုံး ပါဝင်ပါတယ်လေ..။

အဲ့ဒါကြောင့် ကျွန်တော်တို့ အားလုံး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အားထက်သန်စွာ နေထိုင်နိုင်သွားဖို့က အရေးကြီးဆုံးပါပဲလို့ ပြောချင်ပါတယ်..” လို့ ပရိသတ်တွေကို ဖြေကြားခဲ့ပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။