အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဇန်နဝါရီလ(၉)ရက်နေ့က မိုးကြီးပြီးမြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရွှံ့မြေပြိုကျမှုအတွင်း ပိတ်မိနေတဲ့ ဆယ်ကျော်သက် မိန်းကလေးတဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက်နေ့မှာကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေက တကိုယ်လုံး ရွှံ့တွေဖုံးနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အပျက်အစီးတွေ၊ ရွှံ့ညွန်တွေကြားကနေ ကယ်ထုတ်ပုံကို အန်ဘီစီသတင်းဌာနက ရုပ်သံမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

ဆန်တာဘာဘရာကောင်တီနားမှာရှိတဲ့ မွန်တက်စီတိုအရပ်က ပြိုကျပျက်စီးနေတဲ့ အိမ်တလုံးအောက်ကနေ အဲဒီမိန်းကလေး အော်ပြီး အကူအညီတောင်းနေတာကို မီးသတ်သမားတဦးက ကြားခဲ့ပြီး အခုလို ကူညီနိုင်ခဲ့တာဖြစ်ပီး ရွှံ့မြေပြိုကျခဲ့တဲ့အတွက် သေဆုံးသူအရေအတွက် ၁၇ ဦးအထိရှိပြီး ၁၃ ဦး ပျောက်ဆုံးကာ အိမ်ခြေတရာလောက် ပျက်စီးခဲ့တယ်လို့ ဆန်တာဘာဘရာနယ်မြေကောင်တီ ဥပဒေစိုးမိုးရေးအရာရှိ ဘီလ်ဘရောင်းက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြောပါတယ်။

“ကေျနာ်တို့ သတင်းထုတ်ပြန်ရတာ စိတ်မကောငး်ပါဘူး။ ဒီနေ့ရရှိတဲ့ အလောင်းနှစ်လောင်းနဲ့ဆိုရင် သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိ ရှိသွားပါပြီ။ သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ ခွဲခြားရတဲ့လုပ်ငန်းစဉ်ဟာ အချိန်ယူရပါတယ်။ အဆောတလျင်လုပ်လို့ မဖြစ်ပါဘူး” လို့ဘီလ်ဘရောင်းက ဆိုပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ဟာ မကြာသေးခင်က တောမီးလောင်မှုကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာ အခုလို ရွှံ့မြေပြိုတာဟာ နောက်ထပ် ထိုးနှက်မှုတခု ဖြစ်လာခဲ့ပါတယ်။

source-dvb tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။