နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့ကို Facebook မှာ တင်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်ဇေရဲထက်နဲ့ တွဲဖက် ရိုက်ကူးနေ တာဖြစ်ပြီး နှစ်ယောက်လုံးက အရမ်းကိုမြန်မာဆန်ပြီး ကြည့်ကောင်းလွန်းနေပါ တယ်။ ချစ်စရာကောင်းပြီး မြန်မာဆန်တဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ပြင်ဆင်ခြယ်သ ထားပြီး တကယ့်ကိုပဲ ရိုးရာယဉ်ကျေးမှုတွေကို အောက်မေ့သတိရစေတဲ့ အပြင်အဆင်တွေ ပါပဲ။ အရေးပိုင်မင်းခေတ်က အပြင်အဆင်တွေဖြစ်ပြီး တကယ့်ကိုမြန်မာ့ရိုးရာ ဝတ်စားဆင်ယင် မှုတွေကို ထင်ဟပ်စေပါတယ်။

နန်းမြတ်ဟာဆိုရင် ပြီးခဲ့တဲ့ 2017 ခုနှစ် နိုဝင်ဘာလလောက်က သူမရဲ့ချစ်သူနဲ့ ရွှေလက် တွဲကာ မင်္ဂလာပွဲဆင်နွဲခဲ့ပြီး နှစ်ယောက်တကမ္ဘာလေးကို တည်ဆောက်နေပြီပဲဖြစ်ပါ တယ်။ သူမ မင်္ဂလာဆောင်ပြီးနောက်ပိုင်းမှာ သူမမှာကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလ ဟာလတစ်ချို့ ထွက်ပေါ်ခဲ့ပြီး ဒီကိစ္စဟာလည်း မဟုတ်မှန်ကြောင်း သူမကပြန်လည်ရှင်း ချက်ထုတ်ထားခဲ့ပါတယ်။ ကိုယ်ဝန်သာတကယ်ရှိနေတယ်ဆိုရင် ဘယ်လိုမှဖုံးဖိမရပဲ ပေါ်လာမယ့်ကိစ္စပါလို့ဆိုပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆက်လုပ်ချင် သေးတာမို့ ကလေးယူဖို့ကိုတော့ မစဉ်းစားသေးပါဘူးလို့ဆိုပါတယ်။

2018 မှာ သူမရဲ့ဇာတ်ကားလေးရုံတင်ပြသဖို့ရှိနေပါတယ်လို့ဆိုပါတယ်။ လာမယ့်နှစ် တွေမှာလည်း သူမက ပရိတ်သတ်တွေကို အများကြီးပေးဆပ်ချင်တာမို့ ကလေးမယူသေးပဲ အနုပညာအလုပ်တွေကိုပဲ အဓိကထားပြီး လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ သူမလက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားထဲက မြန်မာ့ရိုးရာအပြင်အဆင်လေးနဲ့ပက်သက်ပြီး သူမရဲ့ Facebook မှာ မြန်မာသမီးပျိုလေးတစ်ယောက်ရဲ့အသွင်အပြင် လုံခြုံမှုရှိသလို ဆွဲဆောင် မှုလဲရှိတယ် လို့ခံစားရစေတယ် ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ အရမ်း ကိုနန်းဆန်နေတဲ့ နန်းမြတ်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက် ပေးလိုက်ပြီနော်။

Photo – Nan Myat Phyo Thin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။