မြန်မာအမျိုးသာလက်ရွေးစင်အသင်းဟာကာဂျစ်အသင်းနဲ့

အာရှဖလားခြေစစ်ပွဲကိုမတ်လထဲမှာကစားဖို့ရှိနေပါတယ်။

မြန်မာအသင်းပါဝင်တဲ့အုပ်စုထဲမှာအိန္ဒိယ၊မကာအိုနဲ့ကာဂျစ်

အသင်းတို့ပါဝင်ပါတယ်။အုပ်စုထိပ်ဆုံးနှစ်သင်းကခြေစစ်ပွဲ

အောင်မှာဖြစ်ပြီးအိန္ဒိယအသင်းကတော့ခြေစစ်ပွဲအောင်ထား

ပြီးမကာအိုကတော့ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်မရှိတော့

ပါဘူး။ဒါကြောင့်အာရှဖလားဝင်ခွင့်လက်မှတ်တစ်စောင်

အတွက်ကာဂျစ်နဲ့မြန်မာတို့အပြိုင်လုရမယ့်အနေအထားပါ။

ကာဂျစ်နဲ့မြန်မာအတွက်ဒီပွဲဟာသေရေးရှင်ရေးအရေးကြီး

နေပါတယ်။တကယ်ဆိုရင်ဒီပွဲဟာအစောကတည်းက

ကန်ပြီးဖြစ်ရမှာပါ။ကာဂျစ်မှာကန်တဲ့ပထအကျော့မှာ

လုံခြုံရေးအခြေအနေကြောင့်ပွဲရွှေ ့ဆိုင်းခဲ့ရတာပါ။

ကာဂျစ်အသင်းရဲ့တောင်းဆိုချက်နဲ့ပွဲကိုရွှေ ့ဆိုင်းခဲ့

ရတာဖြစ်လို့ပြန်ကစားရမယ့်ကြားကွင်းကိုမြန်မာနိုင်ငံဘက်ကပဲတောင်းဆိုရမှာပါ။ဒါပေမယ့်ကာဂျစ်ဟာကြားကွင်းကို

ဥဇဘတ်ကစ္စတန်မှာကစားချင်နေပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ကာဂျစ်နဲ့ပွဲကို

ကြားကွင်းအဖြစ်ဘန်ကောက်မှာကစားလိုနေပါတယ်။ဒါကြောင့်မြန်မာဘောလုံးအဖွဲ့ချုပ်ဟာဥဇဘက်မှာကစားလို

တဲ့ကာဂျစ်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံမှာမဟုတ်ပါဘူး။

မြန်မာအသင်းဟာအဆိုပါပွဲအတွက်ကြားကွင်းကို

ဘန်ကောက်မှာကစားလိုနေပြီးဒုတိယဦးစားပေးအဖြစ်

စင်ကာပူနိုင်ငံနဲ့တတိယဦးစားပေးအဖြစ်ဗီယက်နမ်နိုင်ငံတို့ကို

အာရှဘောလုံးအဖွဲ့ချုပ်ကိုအဆိုပြုထားတယ်လို့သိရပါတယ်။

ဒါပေမယ့်AFCဟာအဆိုပါကိစ္စကိုတရားဝင်ထုတ်ပြန်ကြေညာ

ုခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ကစက်တင်ဘာလ ၅ ရက်နေ့မှာ ကစားဖို့ ပွဲပျက်ခဲ့ရတဲ့ ကာဂျစ်နဲ့ မြန်မာအသင်းတို့ရဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်ကို ကြားနိုင်ငံ တစ်နိုင်ငံမှာ ပြန်လည်ကျင်းပစေဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

မြန်မာပြည်မှာလာကစားတဲ့ပွဲမှာတော့ကာဂျစ်နဲ့မြန်မာအသင်းတို့ဟာတစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။မြန်မာအသင်းဟာကာဂျစ်နဲ့ပွဲပြီးရင်မကာအိုအသင်းကို

အိမ်ကွင်းမှာလက်ခံကစားရမှာပါ။ဒါပေမယ့်မကာအိုနဲ့

မကစားခင်ကာဂျစ်ကိုအနိုင်ကစားထားမှအာရှဖလား

အောင်ဖို့မျှော်လင့်ချက်ရှိမှာပါ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။