Talc ကို သုံးပြီး ထုတ်လုပ်ထား တဲ့ ပေါင်ဒါ တွေ က ကင်ဆာ ဖြစ်စေတယ် လို့ ဆိုထားပါတယ်။ Talc ဆိုတာ hydrated magnesium silicate ဟိုက်ဒရိတ်မဂ္ဂနီစီယံစီလီကိတ် ပါဝင်နေတဲ့ လူသုံး ကုန်ပစ္စည်းတွေ ဆိုလိုတာပါ။ မျက်နှာ ဖြူချင်လို့ ပေါင်ဒါ ပွတ်လိုက် တာတို့ တစ်ခုခုသုံး ချင်လို့ ပေါင်ဒါ သုံး လိုက်တာတို့ ဆို အန္တရာယ် များတယ်လို့ ဆိုထားပါတယ်။

FDA (Food and Drug Administration) အစား အစာနှင့် ဆေးဝါး စီမံအုပ် ချုပ်မှုအဖွဲ့ ၏ ခွင့်ပြု ချက်မပါ ဘဲ ဘယ်ဆေးမှ အလွယ်တကူ မသုံးမိ ဖို့ လိုပါတယ်။လောလောဆယ် အမှုဖြစ်နေတဲ့ ကုမ္ပဏီ အနေနဲ့ ရောင်းအား မြင့်တင်ပြီး စျေးကွက် ထဲထိုးသွင်း ဖို့သာ အာရုံ ထား ခဲ့ သော်လည်း လူတို့၏ ကျန်းမာရေးကို ဂရုမပြု ခဲ့ မှုကြောင့် အမေရိကန် ဒေါ်လာ ရ၂ သန်း လျော်ကြေးပေးဖို့ ခုံသမာဓိ တရားသူကြီး တွေက အမိန့် ချခဲ့ပါတယ်။

ပြီးခဲ့ သည့် 2017 နှစ်ဆုံး ပိုင်းမှာ တောင် ဤ ကိစ္စလျော်ကြေး က ဒေါ်လာ ၄၁၇ သန်း နား ကပ်သွားပါပြီ။ မစ်ဇူရီ နှင့် နယူးဂျာ စီတရား ရုံး တွေမှာ ဤကိစ္စ အမှု 1200 စာရင်း ဝင်သွားပါပြီ။ ဘာဘဲဖြစ်ဖြစ် ဘေဘီပေါင်ဒါ မသုံး မဖြစ် သုံးရမည် ဆိုလျင် လည်း Talc Free (Talc မပါဝင်သည့် ဘေဘီပေါင်ဒါများ) ကိုသုံးစွဲသင့်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ Talc Free မပါဝင်တဲ့ ဘေဘီပေါင်ဒါတွေကိုသာသုံးစွဲသင့်ပြီး ဆိုင်များတွင်သေချာရွေးချယ်ဝယ်ယူသင့်ကြောင်း ဗဟုသုတအဖြစ်တင်ပြပေးလိုက်ပါတယ်။ 

Source:  သံဇဉ်မိုးဇတ် (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။