မြောက်ကိုရီးယားနဲ့တင်းမာတဲ့ဆက်ဆံရေးရှိတဲ့အန်ကယ်ဆမ်

ဟာဒီပလိုမေစီအပြောင်းအလဲတွေလုပ်လာပြီလို့ယူဆနေကြပါတယ်။မြောက်ကိုရီးယားကိုစစ်ရေးအရအရေးမယ်လို့

မကြာခဖဏထုတ်ထုတ်ပြောနေပေမယ့်အခုအခါမှာတော့

ငြိမ်းချမ်းရေးလေနုအေးတွေတိုက်ခတ်လာပုံပါပဲ။အမေရိကား

ရဲ့ခပ်ဟော့ဟော့ခပ်ကြမ်းကြမ်းသမ္မတထရန့်ဟာမှန်ကန်

တဲ့အခြေအနေတစ်ခုအောက်မှာမြောက်ကိုရီးယားနဲ့ဆွေး

နွေးလိုတယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါဟာဒီပလိုစီပြောင်းလဲလာတဲ့အနေအထားတစ်ရပ်လို့

ဆိုရမှာပါ။တုတ်တစ်ပြက်ဓားတစ်ပြက်အနေအထားကနေ

စားပွဲဝိုင်းဆွေးနွေးပွဲတွေဆီပြောင်းလဲလာမယ့်အရိပ်အယောင်

တွေပါပဲ။လောလောဆယ်မှာတောင်-မြောက်ကိုရီးယား

နှစ်နိုင်ငံဟာနိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်နေပါတယ်။

ထရန့်ဟာအဆိုပါဆွေးနွေးပွဲတွေကိုထောက်ခံတဲ့အကြောင်း

နဲ့ဆွေးနွေးပွဲကျင်းပနေစဉ်မှာလည်းမြောက်ကိုရီးယားကိုတိုက်ခိုက်မှာမဟုတ်ဘူးလို့တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း

ကိုဖုန်းဆက်ပြောခဲ့တယ်လို့သိရပါတယ်။

မွန်ဂျေးအင်းဟာထရန့်ရဲ့ပြောကြားချက်ကိုမြောက်ကိုရီးယား

ဘက်ကိုသတင်းစကားပါးခဲ့ပါတယ်။ဒါ့အပြင်မြောက်ကိုရီးယားကိုလည်းအဏုမြူစမ်းသပ်မှုတွေ

ထပ်မလုပ်ဖို့နဲ့ထပ်လုပ်နေရင်ဒီထက်ပိုဆိုးတဲ့အရေးယူပိတ်

ဆို့မှုတွေကြုံရမယ်လို့သတိပေးစကားပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့အမေရိကန်ဟာရန်ဘက်နှစ်နိုင်ငံဖြစ်ပြီး

အဏုမြူဗုံး ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တာမို့သူတို့သာ

တကယ်စစ်ဖြစ်လာရင်ဒေသတွင်းလုံခြံုရေးဟာ

စိုးရိမ်ရေမှတ်ရောက်လာမှာအမှန်ပါ။စားပွဲဝိုင်းဆွေးနွေးပွဲတွေ

ဆီဦးတည်လာတဲ့အမေရိကားရဲ့ဒီပလိုမေစီအရွေ ့ကိုတော့ကြိုဆိုကြရမှာပါ။

Source-RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။