မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ဖန်တီးရှင် တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလည်း ဖြစ်သူကတော့ မိတ်ကပ် မထက် ဖြစ်ပါတယ်။ ခက်ခဲတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြားက သူမဖြစ်ချင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို ရဲရဲဝင့်ဝင့်ခံယူခဲ့တဲ့ သူမဟာ ယနေ့မှာတော့ နာမည်ကြီး ထိပ်တန်း မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်လို့နေပြီး မျိုးဆက်သစ် မိတ်ကပ်ပညာရှင်တွေကို မွေးထုတ်ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

မထက်ဟာ လူမှုကွန်ယက်သုံးစွဲကြတဲ့ အနုပညာရှင်တွေထဲတစ်ဦးဖြစ်ပြီး သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေ သူမရဲ့ ခံစားချက်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ကတဆင့် ပရိသတ်တွေဆီ မျှဝေလေ့ရှိပါတယ်။ ယခုတစ်ခါလည်း မထက်ဟာ ရှုတင်တွေလိုက်ရတာ ပင်ပန်းနေပြီဖြစ်ကြောင်းကို သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားတင်ထားပြီး ထိုစာထဲက စာသားအချို့ကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး မထက်ကို မေးနေကြတာ တွေ့ရပါတယ်။ 

"Shooting လိုက်​ရတဲ့အလုပ်​ အရမ်​းပင်​ပန်​းတယ်​...

ဘာမှမယ်​မယ်​ရရမလုပ်​ရဘဲ ဟိုထိုင်​ဒီထိုင်​နဲ့ ပင်​ပန်​းတာ.......

( ကိုယ်​လိုက်​ရတဲ့ရူတင်​က ကိုယ်​့ရည်​းစားရိုက်​​နေတာဆိုလည်​း ပင်​ပန်​းတယ်​ထင်​မိမှာ ဟုတ်​ဘူးကွာစ်​)" ဆိုပြီး သူမက ရေးသားတင်ထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မထက်ဟာ MRTV-4 ရဲ့ Make me Beautiful အစီအစဉ်မှာ ဒိုင်တစ်ယောက်အဖြစ်ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ် ပရိသတ်ကြီးရေ.....

Source: Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။