ယမန်နေ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလ ၁၁ရက်နေ့မှာတော့ မွန်ပြည်နယ် မုဒုံမြို့မှာ ထူးခြားတဲ့အခမ်းအနားလေးတစ်ခုကျင်းပခဲ့ပါတယ်။ထိုအခမ်းအနားလေးကတော့ မွန်ပြည်နယ် မုဒုံမြို့ ကျောက်တလုံးကျေးရွာမှာရှိတဲ့ ဝင်းစိန်ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်တော်အား သင်္ကန်းလဲလှယ်ပူဇော်တဲ့ အခမ်းအနားလေးပဲဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့လေးကတော့ ဝင်းစိန်ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၉၇ နှစ်ပြည့်မွေးနေ့လေးလဲဖြစ်တယ်လို့သိရပါတယ်။၎င်း သင်္ကန်းလဲလှယ်ပူဇော်ပွဲအခမ်းအနားလေးကတော့ ဝင်းစိန်ဆရာတော်ဘုရားကြီး ပျံလွန်တော်မမူခင်က မိန့်မှာထားခဲ့အတိုင်း ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့လဲသိရှိရပါတယ်။အရမ်း သပ္ပါယ်စရာကောင်းလှတဲ့အတွက် ပုံရိပ်လေးတွေကိုလဲ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၎င်းအခမ်းအနားကိုတော့ ဝင်းစိန်တောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အရှင်သောဟုလာ နှင့် ၊မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒောက်တာအေးဇံနှင့်ဇနီး အပါအဝင် ငှါနဆိုင်ရာမှ တာဝန် ရှိပုဂ္ဂိုလ်များ အားလုံးစုံစုံညီညီတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ထိုအခမ်းအနားကိုတက်ရောက်လာသူများထဲတွင် ဇေကမ္ဘာ ကုမ္ပဏီဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာဦးခင်မောင်ရွှေနှင့်ဇနီး လဲပါဝင်တယ်လို့သိရပါတယ်။

Source - ကျိုက်မရော / မုဒုံသတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။