ယနေ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မွေးဖွားကြတဲ့မွေးနေ့ရှင်တွေများစွာထဲကမှ ပရိတ်သတ်ချစ်တဲ့ အဆိုတော်ကောင်လေး တယောက်ကလဲ ဒီကနေ့မှာမွေးနေ့ကြရောက်လာပါတယ်။ သူကတော့ ပရိတ်သတ်ချစ်အဆိုတော်လေး Nay Oo Linn လို့ခေါ်တဲ့ lil z ပဲဖြစ်ပါတယ်။ သူ့ကိုတော့ပရိတ်သတ်တွေ သိကြတယ်ဟုတ်။

Lil z ကတော့အမိုက်စား rap တွေကိုဖန်တီးသီဆိုရာမှာကျွမ်းကျင်တဲ့အဆိုတော်တယောက်ပဲဖြစ်ပါတယ်။ ကျစ်လျစ်လှတဲ့ rap အရေးအဖွဲ့တွေနဲ့ သီချင်းရဲ့ဆိုလိုရင်းကို ရင်ဘတ်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့ သီချင်းတွေများစွာထဲကမှ ပရိတ်သတ်တွေအကြိုက်ဆုံးသီချင်းလေးတွေရှိရင်လဲ ပြောပြခဲ့ဦးနော်။ 

ဒီကနေ့မှာမွေးနေ့ကျရောက်နေတဲ့ အဆိုတော် lilz ကတော့ မကြာမီမှာ အကယ်၍များ ဆိုတဲ့ တကိုယ်တော်အယ်ဘန် ထွက်ရှိဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ပရိတ်သတ်တွေအနေနဲ့လဲ အဆိုတော် lilz အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ဦးနော်။

source - nay oo linn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။