နန်းခင်တစ်ယောက်တော့ သာယာတဲ့တောရွာလေး တစ်ခုရဲ့ ရောင်စုံပန်းလေးတွေကြားမှာ ပျော်နေပါတယ်။ ပန်းလေးတွေခူးကာ ဂုဏ်ပကာသနာတွေကင်းစင်ပြီး ဖြူစင်တဲ့အပြုံးလေးနဲ့ သူမရယ်ပါ။ ပန်းခင်းအလယ်က သူမက ဒီလိုရယ်မောစရာစကားလေးတခွန်းလဲ ဆိုထားပါ သေးတယ် ပရိသတ်ကြီးရေ ။

" ပန်းတွေဟာလည်း ကြွေတက်တယ်.... မင်းကိုကြွေရင် ဒုက္ခရောက်နိုင်လို့ ပန်းခူးပြီးပဲ အိမ်ပြန်တော့ပါမယ်" တဲ့ ။

ချစ်သူမရှိသေးတဲ့ နန်းခင်တယောက်တော့ ကြွေနေတဲ့သူလေးများ တွေ့နေပြီလားလို့ ပြန်နောက်ရမယ် ထင်ပါတယ်နော်။ အချစ်ရေးကံမကောင်းပါဘူး နန်းခင်က တစ်ယောက်တည်းပါလို့ ဆိုတာကြောင့် ပရိသတ်များက အပျိုကြီးတော့ မလုပ်နဲ့နော်လို့ စနောက်ကာ မှတ်ချက်များပေးထားတာ တွေ့ရပါတယ်။

ဒီအတွက်တော့ မစိုးရိမ်ပါနဲ့ ပရိသတ်ကြီးရေ နန်းခငိတစ်ယောက်က အပျိုကြီးတော့ မလုပ်ပါဘူးတဲ့။ အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ Miss လောကကို ပထမဆုံးစတင်ခဲ့သူတစ်ယောက် ဖြစ်တဲ့သူမဟာ အခုဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ကျော်ကြား အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်လို့နေပါပြီ။ ဒီလိုညှိချောလေး နန်းခင်ကို ချစ်တဲ့ Myanmar Load ပရိသတ်များအတွက် ပုံလှလှလေးတွေစုစည်းပေးလိုက်တယ်နော် ။

Source - Nann Khin Zay Yar FB & MC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။