ဥက္ကာမင်းမောင်းကတော့ တခါမှမရိုက်ဖူးသေးတဲ့ ဓာတ်ပုံတွေကိုစတင်ရိုက်ကူးခဲ့တာလို့လည်း ဆိုထားပါတယ်။သူကတော့ Sexy ကျကျရိုက်ကူးထားပြီး အားလုံးမျှင်သက်ငေးမောရလောက်တဲ့ ဓာတ်ပုံတွေကို ထုတ်ပြလိုက်ပါပြီ။

ငပ္ပလီကမ်းခြေမှာ လှပတဲ့ရှုခင်းတွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ပုံတွေကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါ။သူကတော့ သူ့ရဲ့ဖေ့ဘုတ်မှာတော့အခုလိုပဲရေးသားထားခဲ့ပါတယ်.. 

“ရိုက်ကွင်းက ပုံတွေ... တခါမှဒီလိုမရိုက်ဖူးသေးဘူး.. official photo တွေကြည့်ချင်ပြီ.. ဘာမှ retouch မလုပ်ထားတာတောင် Wow ခနဲဖြစ်သွားတယ်.. ဓာတ်ပုံဆရာကိုနိုင်လင်း အရမ်းတော်တယ်.. ရှူတင်တဖွဲ့သားလုံးကိုကျေးဇူးပါ.. ဒီငပလီခရီးစဉ်လေးက အမှတ်တရလဲ ဖြစ်..ပျော်စရာလဲ ကောင်းသလို.. ပုံအသစ်အမိုက်စားတွေလဲ အများကြီးရတယ်.. My Journey Travel & Lifestyle Magazine က နောက်လထွက်မယ်လို့ပြောပါတယ်”

source - okkar min maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။