ပရိသတ်အချစ်တော်တွေထဲ ကတစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ အသံကောင်းပြီး ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်များ ယနေ့ထိ ချစ်မြတ်နိုးနေဆဲဖြစ်ပါတယ်။ တေးသီများကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတက်သူတစ်ဦး ဖြစ်သည့် အပြင်အခြား သူငယ်ချင်းမိတ်ဆွေများအတွက်လည်း တေးသီချင်းများ ရေးပေးလေ့ရှိကြောင်း သိရပါတယ်။

ဒီကနေ့ သောကြာနေ့လေးမှာ အဆိုတော် ပိုပိုကတော့ သူမရဲ့ ချစ်စရာခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်ခဲ့ကြောင်း သိရပါတယ်။ သူမရဲ့ အကောင့်တွင်လည်း " အရမ်းလှပတဲ့သောကြာနေ့လေးမှာ ကျွန်မနဲ့ Legatoနဲ့ လမ်းလျှောက်ထွက်ရင်း" ဟူ၍ ချစ်စရာဓာတ်ပုံများနဲ့ အတူ တင်ထားခဲ့ပါတယ်။ အဆိုတော်ပိုပို ဟာ ခွေးချစ်တက်သူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။ ယခင်သူမရဲ့ အကောင့်တွင် " ကျွန်မအတွက်တော့ ကမ္ဘာပေါ်မှာ ကလေးနဲ့ ခွေးက ချစ်ဖို့ အကောင်းဆုံးပါပဲ " ဟူ၍လည်း တင်ခဲ့ဖူးပါတယ်။ 

ချစ်စရာ တေးသီချင်းတွေသီဆိုတက်ပြီး ဖက်ရှင်အလန်းစားလေးတွေ ဝတ်ဆင်တက်တဲ့ ပိုပိုကတော့ သာယာလှပတဲ့ သောကြာနေ့လေးမှာပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။ ပရိသတ်များအတွက် အဆိုတော်ပိုပိုရဲ့ ဒီကနေ့ မနက်လမ်းလျှောက်ထွက်ခဲ့တဲ့ ဓာတ်ပုံများနဲ့ အတူမျှဝေပေးလိုက်ပါတယ်။

Source - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။