ဇန်နဝါရီ ၁၂ရက် နံနက် ၁ နာရီခန့်အချိန် ရန်ကုန်-စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ ဖြူးမြို့အနီးကို ဗဟိုပြုကာ ငလျင် လှုပ်ခတ် သွားခဲ့တယ်လို့ သိရပါတယ်။၎င်းလှုပ်ခတ် သွားခဲ့ငလျင်ကတော့ အင်အား တရစ်ချ်တာ စကေး ၆အဆင့် ငလျင်တစ်ခုဖြစ်ပြီး လှုပ်ရှားသွားပြီးရန်ကုန်မြို့အပါအဝင် ၊ဧရာဝတီ၊ပဲခူးနှင့် မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ မြို့ များတွင်ပါသိသိသာသာ လှုပ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။ လှုပ်ရှားသွားပြီး ရန်ကုန်မြို့ အပါအဝင် ၊ဧရာဝတီ၊ပဲခူးနှင့် မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ မြို့များတွင် ပါသိသိသာသာ လှုပ်ရှားသွားခဲ့တာ ပဲဖြစ်ပါတယ်။

"ဖြူးမြို့အနီးဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ငလျင်အပြီးမှာတော့ နောက်ဆက်တွဲငလျင်များမှာ မိနစ်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခဲ့တာ ပဲဖြစ်ပါတယ်။ပထမအင်အား အသင့်အတင့်ရှိငလျင်လှုပ်ပြီးနောက် ၁၈ မီနစ်အတွင်း နောက်ဆက်တွဲငလျင် သုံးကြိမ်တိုင် လှုပ်ခဲ့တယ်လို့ သိရပါတယ်။ထပ်မံလှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သုံးကြိမ်စလုံး ဟာလည်း အင်အား တရစ်ချ်တာ စကေး ၅.၃ အဆင့်ရှိတဲ့ ငလျင်တွေဖြစ်တယ်လို့ သိရပါတယ်။ 

ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အဦးများပြားတဲ့ မြို့နယ်အများစုတွင်လည်း အဆိုပါ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြို့ခံပြည်သူလူထုများ ထိန့်လန့်ခဲ့ကြရတာပဲဖြစ်ပါတယ်။ရန်ကုန်မြို့တွင် နံနက်၁ နာရီထိုးရန် ၄မိနစ်အလိုခန့်တွင် ပထမတစ်ကြိမ် လှုပ်ပြီးနောက် နောက်ဆက်တွဲမြေငလျင်များ ဆက်တိုက် လှုပ်သဖြင့်အထပ် မြင့်တွင်နေသူအချို့ တိုက်ပေါ်ဆင်းပြေးလာကြတယ်လို့ လှိုင်မြို့နယ်မှ၊ ပြည်သူတစ်ဦး ကပြောပါတယ်။ငလျင်ခံစားလိုက်ရသော နယ်ဒေသမြို့များတွင်လည်း ဆယ်မိနစ်ခန့်ခြားပြီး နှစ်ကြိမ်လှုပ်ရှား သွားကြောင်း ဒေသခံများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ငလျင်လှုပ်ခတ်သည်ကို သိရှိပြီးနောက် တိုက်ခန်းပေါ်မှ လမ်းမပေါ်ဆင်းလာသော ရပ်ကွက်နေပြည်သူအချို့ကို ရန်ကုန်မြို့တွင်တွေ့ရစဉ် ...

သတင်းအရင်းအမြစ် - ဖြိုးမမခိုင်(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။