နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့ခင်ပွန်းနဲ့အတူ ရိုက်ကူးထားတဲ့ Pre Wedding ပုံရိပ်လေးတွေကို ထပ်တင်လိုက်တာပဲဖြစ်ပါတယ်။ ပြင်သစ် နိုင်ငံရဲ့ ညခင်းအလှတွေနဲ့အတူ လိုက်ဖက်လွန်းနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အမိုက် စား Pose တွေက လုံးဝကို အကြွေစင်ပါပဲ။ ပြင်သစ်နိုင်ငံရဲ့ ညခင်းလှပမှုက နန်းမြတ်တို့ဇနီး မောင်နှံနှစ်ယောက်ရဲ့ လိုက်ဖက်မှုကို ပံ့ပိုးပေးထားသလိုပါပဲ။ မင်္ဂလာပွဲကျင်းပပြီးပြီဖြစ် သော်လည်း လှပလွန်းတဲ့ ပုံလေးတွေကို အခုမှထပ်တင်လိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အရမ်းကိုမိုက်နေပါတယ်။

သူမက 2017 ခုနှစ် နိုဝင်ဘာလမှာ သူမရဲ့ခင်ပွန်း ကိုတာတာမျိုးနဲ့ မင်္ဂလာပွဲဆင်နွဲခဲ့ပြီး အနုပညာ မောင်နှမတွေကလည်း အများအပြားတက်ရောက်ခဲ့ကြပါတယ်။ ပျော်ရွှင်စရာ ကောင်းတဲ့ မင်္ဂလာပွဲလေး အဖြစ်နဲ့ ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ သူမ မင်္ဂလာဆောင်ပြီး နောက်ပိုင်း သူမမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး သူမကတော့ မဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ ဒီလိုကိစ္စမျိုး ဟာလည်း ဖုံးဖိထားလို့မရပဲ အချိန်တန်ပေါ်လာမှာပါလို့ သူမက ဆိုပါတယ်။ ဒီနှစ်ထဲမှာ သူမရိုက်ကူးထားတဲ့ဇာတ်ကားလေး ရုံတင်ဖို့ရှိတယ်လို့ဆိုပါတယ်။ 2018 တစ်ခုလုံး ပရိတ်သတ်တွေကို အကောင်းဆုံးပေးဆပ်ချင်တာမို့ အနုပညာလုပ်ငန်းတွေကိုပဲ ဆက်ပြီး လုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။

သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ Pre Wedding ပုံရိပ်လေးတွေက ပြင်သစ်နိုင်ငံရဲ့ ညခင်း အလှအပတွေထဲမှာ လွင့်မျောနေပါတယ်။ အမိုက်စား Pose တွေနဲ့ နှစ်ယောက်သား အပြတ်ကို လန်းနေပါတယ်။ လိုက်ဖက်လွန်းတဲ့ သူမတို့နှစ်ယောက်ရဲ့ ပြင်သစ်နိုင်ငံက Pre Wedding ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Photo – Naing Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။