နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် Taylor Swift ကတော့ ပရဟိတလုပ်ငန်းတွေနဲ့ အလှူအဒါန်းတွေကို မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာလည်း သူမက လိင်အကြမ်းဖက်ခံရတဲ့ သူတွေ တရားရင်ဆိုင်နိုင်ဖို့အတွက် ကူညီမှုများ လုပ်ဆောင်ပေးခဲ့ပါတယ်..။

လိင်အကြမ်းဖက်ခံရသူများ တရားရင်ဆိုင်နိုင်ဖို့အတွက် အလှူငွေ ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ဒေါ်လာတစ်သိန်း (မြန်မာငွေ ကျပ်သိန်းတစ်ထောင်)ကို လိင်အကြမ်းဖက်ခံရသူတွေ တရားရင်ဆိုင်နိုင်ရေးအတွက် “Time’s Up Foundation” ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Taylor Swift ဟာ ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်ကလည်း DJ သမားတစ်ယောက်က သူမရဲ့ တင်ပါးကိုကိုင်ခဲ့လို့ လိင်အသားယူအကြမ်းဖက်မှုနဲ့ (၁၀၁၇)ခုနှစ်မှာ တရားစွဲဆိုခဲ့ပါတယ်..။

တရားစွဲဆိုမှုမှာလည်း အနိုင်ရရှိခဲ့ပြီး လျော်ကြေးငွေအဖြစ် သူမတောင်းဆိုးထားတဲ့ လျော်ကြေး (၁)ဒေါ်လာကို ရရှိခဲ့ပါတယ်..။

အဲ့ဒီနောက်ပိုင်းမှာတော့ သူမက လိင်အကြမ်းဖက်ခံရသူများ တရားရင်ဆိုင်နိုင်ဖို့အတွက် ကူညီမှုများကို လုပ်ဆောင်သွားပါမယ်လို့ ပြောကြားခဲ့ပြီး အခုတစ်ခေါက်မှာတော့ ဒေါ်လာတစ်သိန်းကို အလှူငွေအဖြစ် တိတ်တဆိတ်လှူဒါန်းခဲ့ပြီး လက်တွေ့သက်သေပြခဲ့ပါတယ်..။

Taylor Swift ဟာ Kesha တရားရင်ဆိုင်နေရချိန်မှာလည်း Kesha အတွက် တရားရင်ဆိုင်ဖို့ ဒေါ်လာနှစ်သိန်းခွဲ (မြန်မာငွေ ကျပ်သိန်းနှစ်ထောင့်ငါးရာ) ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်..။

Source - People

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။