မမ ဝဝလေးတို့ရေ ဝလို့စိတ်ညစ်နေပါသလား? မညစ်ပါနဲ့နော် လှလို့ဝလို့ ဆိုတဲ့စကားပဲ ရှိတာလေ။ ဝနေမှလည်း ပိုပြီးချစ်ဖို့ကောင်းတာမဟုတ်လား ။ကိုယ့်လိုကိတ်ချင်တဲ့ သူတွေက အားကျနေရတယ်ဆိုတာကို မမေ့ပါနဲ့။ ဝလည်း ဖက်ရှင်ကျကျနဲ့ စမတ်ကျနေ အောင် ပြင်ဆင်လို့ရပါတယ်။ ဒီနေ့တော့ မမဝဝလေးတို့အတွက် အမိုက်စားဖက်ရှင်တွေကို ရှာထားတာမို့ ပြောပြပေးမယ်နော်။

(၁) ဂါဝန်တို

ဝလို့ ဂါဝန်တိုလေးတွေနဲ့ မလိုက်ဖက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဒူးအပေါ်နဲ့ ဒူးအတိဂါဝန်လေး တွေက ကားကားလေးမို့ ဝတယ်ဆိုတာ မသိသာစေပါဘူး။ အစင်းကြားလေးတွေပါတဲ့ အကျီလေးတွေကို ပိုရွေးချယ်သင့်ပါတယ်။ ဒါမယ့်အရှည်တွေကို မဝတ်ဖို့တော့ ပြောချင်ပါတယ်နော်။ အရှည်တွေက ခါးအနေအထားအလိုက် တဆက်တည်းကား သွားတာမို့ သတိထားလိုက်ပါနော်။


(၂) ခါးအောက်ပိုင်း အတွန့်လေးပါတဲ့ အကျီ

မမ ဝဝတို့အတွက် စကတ်နဲ့ပဲဖြစ်ဖြစ် ဘောင်းဘီနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံးကတော့ ခါးအောက်ပိုင်းမှာ အတွန့်လေးတွေပါတဲ့ အကျီလေးတွေ့ပဲ ဖြစ်ပါတယ်။ ဗိုက်ကို ဖုံးအုပ်ပေးပြီး ခါးကိုသေးသွယ်သွားစေပါတယ်။

(၃) အပေါ်ထပ် ကုတ်အကျီ

အပေါ်ထပ် ဂျင်းအကျီကလည်း မမတို့နဲ့ လိုက်ဖက်မှုရှိပါတယ်နော်။ ဂျင်းကုတ်လဲရသလို အရောင်ပါတဲ့ ကုတ်အကျီအရှည်တွေလဲ ဝတ်လို့ရပါတယ်။


(၄) Shoulder Off

ဒီလိုအကျီလေးတွေက ပုခုံးသားပြည့်တဲ့သူလေးနဲ့မှ လိုက်ဖက်မှုရှိတာပါနော် ။ဒီလိုဒီဇိုင်းလေးတွေကိုတော့ စိတ်ကြိုက်သာရွေးချယ်လိုက်ပါ။ ဒါပေမယ့် အတွန့်အဖက်တွေအများကြီးပါတာမျိုးကို မရွေးချယ်ဖို့တော့ လိုပါမယ်။

ကဲ…နောက်နေ့ရုံးတက်တဲ့အခါ အံ့သြလောက်တဲ့ငေးမောမှုတွေကို ရယူဖို့ ဒီဖက်ရှင်လေးတွေနဲ့ ရုံးတက်လိုက်ရအောင်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။