ရခိုင်ရိုးရာရထားဆွဲပွဲ(၁၀)ကြိမ်မြှောက်ပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြှောက်ရပ်ကွက်၊ ၀င်္ကဘာကွင်းမှာ ဇန်နဝါ၇ီလ (၂၇)ရက်နေ့မှ( ၃၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ သိရပါတယ်။ ရိုးရာရထားဆွဲပွဲဟာပျောက်ကွယ်နေတာနှစ်ပေါင်း(၄၀)ကျော်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ ရထားဆွဲပွဲကို နှစ်စဉ်အချမ်းပိုတဲ့ တပို့တွဲလမှာကျင်းပပါတယ်။

ရထားဆွဲပွဲကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ “နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရရှိရေး၊ စားနပ်ရိက္ခာဖူလုံရေး”တို့ဘဲဖြစ်ပါတယ်။ရထားဆွဲပွဲဟာရခိုင်တိုင်းရင်းသားတွေရဲ့မှုပိုင်ရိုးရာတစ်ခုဖြစ်ပါတယ်။ရထားဆွဲရာမှာရထားပန်းယိုင်ကိုအလယ်မှာထားရှိကာ နှစ်ဖက်အသင်းသားတွေက အားပြိုင်ဆွဲရတာဖြစ်ပါတယ်။ရထားဆွဲပွဲတွင်(၃၀)ရပ်ကွက်မှပါ၀င်ကစားပြီး ကျေးရွာတစ်ခုချင်းက (၃)နှစ်စီအလှည့်ကျတာဝန်ယူ ဦးစီးကျင်းပရတယ်လို့သိရပါတယ်။ 

ရခိုင်တို့ရဲ့စည်းလုံးမှုကိုဖော်ပြတဲ့ရိုးရာရထားဆွဲပွဲလေးကို စည်စည်ကားကားနဲ့ပြန်လည်ကျင်းပနေတာ (၉)ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ ယခုကျင်းပမယ့် (၁၀)ကြိမ်မြှောက်ကျင်းပမယ့်် ရထားပွဲကိုလည်း အောင်အောင်မြင်မြင်စည်းစည်းလုံးလုံးနဲ့ အောင်မြင်စွာကျင်းပပြီး ကိုယ့်တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေနှစ်တွေကိုကမ္ဘာကအားကျလေးစားရအောင်ပြသနိုင်တဲ့လူမျိုးအဖြစ် ဂုဏ်ယူနိုင်အောင်ကြိုးစားကြရမှာ ရခိုင်တိုင်းရင်းသားတစ်ခုလုံးရဲ့တာဝန်သာမဟုတ်ပါလော။

source-Eleven Media Group