နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် ရေးမြို့မှာရိုက်ကူးနေတဲ့ “ တောပေါက်မြို့ပေါက် ” ရုပ်ရှင်ဇာတ်ကားမှာ စိတ်မနှံ့တဲ့အမျိုးသမီးနေရာကနေ ပါဝင် သရုပ်ဆောင်နေ တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ ကျော်ကျော်ဗို၊ မင်းရာဇာ၊ ညီထွဋ်ခေါင်၊ နေဆန်း၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ သွန်းဆက်၊ ရွှေပိုးအိမ်၊ မုဏ်း၊ တက္ကသိုလ်ဂွမ်းပုံ၊ ဆင်မ၊ ကေညီ၊ အော်ဇော်မင်း နဲ့တကွ တခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ရွှေပိုးရဲ့ဇာတ်ရုပ်ကတော့ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

သူမက လက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရပြီဖြစ်ပြီး ပရိတ်သတ်အားပေးလက် ခံတဲ့ အနုပညာရှင်တစ်ဦးဖြစ်လို့နေပါပြီ။ 2017 က သူမကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေဟာ လက်ရှိမှာတော့ အဆင်ပြေတဲ့အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ သူမကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေကလည်း အမြောက်အများရှိနေပြီဖြစ်ပြီး ရုပ်ရှင် ဇာတ် ကားတွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2017 တုန်းက နာမည်ကျော်အမျိုးသမီးအဆိုတော် တစ်ဦးရဲ့ ခင်ပွန်းနဲ့စွပ်စွဲပြောဆိုခံခဲ့ရပြီး ပရိတ်သတ်တွေရဲ့ အထင်အမြင်လွဲကာ ပြောဆိုမှုတွေကိုလဲ ခံခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ အရာအားလုံအဆင်ပြေပြေနဲ့ဖြတ်သန်းနေပြီဖြစ်ပြီး အောင်မြင်တဲ့ အနုပညာ ရှင်တစ်ဦး အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းတော့မှာပဲဖြစ်ပါတယ်။ အမြဲတမ်းချစ်စရာကောင်းတဲ့ အပြုအမူလေးတွေရဲ့ ပရိတ်သတ်ကိုဖမ်းစားတတ်တဲ့ မင်းသမီး ချောလေးက ဒီဇာတ်ကားမှာလည်း စိတ်မနှံ့တဲ့ဇာတ်ရုပ်လေးနဲ့ ပရိတ်သတ်တွေကို ဘယ် လို ဟာသရသမြောက်အောင်ဆွဲဆောင်ဦးမလည်းဆိုတာ ပိတ်ကားထက်မှာ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။

Photo – Shwe Poe Eain’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။