မနှစ်ကရတနာပုံအသင်းရဲ့အသင်းခေါင်းဆောင်ကဝါရင့်တိုက်စစ်မှူးကြီးရန်ပိုင်ပါ။ဒီနှစ်ဘောလုံးရာသီမှာတော့

ရန်ပိုင်အနားယူသွားခဲ့ပြီးနောက်မှာတော့ရတနာပုံအသင်းဟာ

အမြဲတမ်းအသင်းခေါင်းခေါင်ကိုခန့်အပ်ထားခြင်းမရှိသေး

ပါဘူး။အမြဲတမ်းအသင်းခေါင်းဆောင်ကိုခန့်အပ်ထားခြင်းမရှိပဲ

တစ်ပွဲချင်းစွမ်းဆောင်ရည်တွေကိုကြည့်ပြီးသင်တော်တဲ့

ကစားသမားတွေကိုအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်သွားမယ်လို့သိရပါတယ်။

ရတနာပုံအသင်းဟာလာမယ့်တနင်္လာနေ့မှာဧရာဝတီအသင်း

ကိုအိမ်ကွင်းမန္တလာသီရိမှာလက်ခံကစားရမှာပါ။အဆိုပါပွဲမှာ

အသင်းခေါင်းဆောင်ဖြစ်ဖို့ရေပန်းစားနေသူကတော့ကွင်းလယ်

ကစားသမားရဲကိုဦးပါ။ရဲကိုဦးအနေနဲ့မနှစ်ကဘောလုံးရာသီ

မှာပုံမှန်ခြေစွမ်းမရရရှိခဲ့ပဲလှိုင်းဘိုဘိုရဲ့နောက်လူစားဝင်

ကစားသမားအဖြစ်သာကစားသွားခဲ့ရပါတယ်။ဒါပေမယ့်

ဒီနှစ်မှာရတနာပုံအသင်းနည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး

နည်းပြအောင်ကျော်မိုးလက်ထက်မှာတော့ရဲကိုဦး

နေရာပြန်ရလာနိုင်ချေရှိနေပါတယ်။

ရတနာပုံအသင်းမှာရဲကိုဦးနဲ့အပြိုင်ရေပန်းစားနေသူနောက်

တစ်ယောက်ကစည်သူအောင်ပါ။စည်သူအောင်ဟာ

မြန်မာ့လက်ရွေးစင်ယူ-23အသင်း ရဲ့အသင်းခေါင်းဆောင်

စည်သူအောင်ပါ။ရတနာပုံရဲ့Line-upအမြဲဝင်တဲ့

ကစားသမားဖြစ်ပြီးခြေစွမ်းကောင်းမွန်တဲ့သူဟာလည်း

ရတနာပုံအသင်းခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်ချေရှိသူတစ်ယောက်ကတော့ရတနာပုံ

အသင်းရဲ့ဝါရင့်နောက်ခံလူသိန်းသန်းဝင်းပါ။သိန်းသန်းဝင်းဟာ

ရတနာပုံအသင်းနဲ့ဒီနှစ်ဘောလုံးရာသီမှာစာချုပ်သက်တမ်း

ထပ်တိုးထားတဲ့ကစားသမားပါ။

Source-YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။