အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ လည်ပင်းမှာ ဘီးတာယာ စွပ်မိနေတဲ့ မိကျောင်းတစ်ကောင်ရှိနေတာလည်းဖြစ်ပါတယ်။ထို ဘီးတာယာ ဟာ မိကျောင်းရဲ့ လည်ပင်းမှာ တစ်နှစ်ကျော်ထက်မနည်းစွပ်မိနေတာလည်းဖြစ်ပါတယ်။ထိုရေငန်မိကျောင်းကို ရှာဖွေကယ်တင်ဖို့အတွက် တာဝန်ရှိသူများက ကြီးမှုးပြီး စတင်ဆောင်ရွက်နေခဲ့ပြီလည်းဖြစ်ပါတယ်။ 

ထိုမိကျောင်းကို ဆူလာဝေစီမြို့တော်ရဲ့ မြစ်တစ်မြစ်အတွင်း ၂၀၁၆ ခုနှစ်ကစပြီး ပုံမှန်လို မြင်တွေ့နေခဲ့တာလည်းဖြစ်ပါတယ်။ထိုမိကျောင်းရဲ့ အရှည်ဟာ ၁၃ ပေနီးပါးခန့်ရှိတာလည်းဖြစ်ပါတယ်။ဒေသခံတစ်ဦးရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ထိုမိကျောင်းဟာ အသက်ရှုရာမှာ ဟောဟဲလိုက်ကာ အသက်ရှုသွင်းနေရတဲ့ဒုက္ခ ခံစားနေရတာကို မြင်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဒေသတောရိုင်းတိရစ္ဆာန် အေဂျင်စီ အကြီးအကဲ Haruna က ”ပြီးခဲ့တဲ့ နှစ်ကတော့ ဘီးတာယာက မိကျောင်းလည်ပင်းမှာ ချောင်ချောင်ချိချိဖြစ်နေပါသေးတယ်။ဒါပေမဲ့ မိကျောင်းကြီးထွားလာတာနဲ့အမျှ တာယာက ကျပ်ကျပ်လာတာမို့ မိကျောင်းကို လည်ပင်းညှစ်သတ်လိုက်တဲ့အထိဖြစ်သွားအောင် ကျွန်တော်တို့ စောင့်မနေတော့ပါဘူး။ကျွန်တော်တို့ ကယ်တင်ပေးရမှာဖြစ်တယ်”လို့ပြောကြားခဲ့ပါတယ်။မိကျောင်းဖမ်းဆီးရာမှာ အိပ်မွေ့ဆေးမသုံးရန် အာဏာပိုင်များက တားမြစ်ထားတာလည်းဖြစ်ပါတယ်။ထိုဆေးအသုံးပြုမိပါက ယင်းမြစ်အတွင်းမှာ ကျက်စားနေတဲ့ မိကျောင်းအကောင်အရေ ၂၀ ခန့် ပျောက်ကွယ်ကာ ရှာဖွေရခက်နိုင်တဲ့လို့ ပြောကြားခဲ့ပါတယ်။ 

source - mizzima - news in burmese