နေပြည်တော်၊ ဇန်နဝါရီ ၁၀ – လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ့ထောပတ်သီး ပြည်ပတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ကာလတူထက်ပိုမိုတင်ပို့နိုင်ခဲ့ပြီးလက်ရှိမှာတန်ချိန် ၄၃၀ ကျော်တင်ပို့ပြီး ဖြစ်ပါတယ်။စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က သစ်သီးဝလံတင်ပို့မှုပိုင်းမှာကိုတိုးတက်လာတာပေါ့၊ ကျန်တဲ့ ဖရဲသခွားတွေလဲ တိုးပါတယ်လို့ ပြောပါတယ်။ပြီးခဲ့တဲ့နှစ်က အခုလိုအချိန်မှာ ထောပတ်သီးတန်ချိန် ၄၀ဝ နီးပါးသာတင်ပို့နိုင်သေးတယ်လို့ သိရပါတယ်။ သစ်သီးဝလံတွေဟာ လယ်ယာထွက်ပစ္စည်းထဲပါဝင်နေပြီး လက်ရှိဘဏ္ဍာနှစ်ကိုးလအတွင်း လယ်ယာထွက်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒါ်လာ ၂၂၁၄   သန်းကျော်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ယှဉ်ရင်လည်း အမေရိကန်ဒေါ်လာသန်း ၁၇၀ ကျော်အထိပိုမိုရရှိထားတယ်လို့ သိရပါတယ်။ 

ထောပတ်သီးကို စားသုံးရန်အပြင်တန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်တဲ့ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ရေချိုးဆပ်ပြာဆီစတဲ့ကဏ္ဍတွေမှာပါ ပိုမိုအသုံးပြုလာကြတဲ့အတွက်ပြည်ပဈေးကွက်လိုအပ်ချက်တွေမြင့်တက်လာကာ ပိုမိုတင်ပို့လာနိုင်တာဖြစ်ပါတယ်။ မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေ ပြီး မြန်မာနိုင်ငံသစ်သီးဝလံပန်း မန်နှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအနေနဲ့လည်း ထောပတ်သီးကဏ္ဍဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ထောပတ်အစုအဖွဲ့များဖွဲ့စည်းပြီး အသိပညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေနဲ့လည်း ပို့ကုန်မဟာဗျူဟာစီမံကိန်းမှာထောပတ်သီးပါဝင်လာဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

ထောပတ်သီးကို အများဆုံးစိုက်ပျိုးတဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလးတိုင်းဒေသကြီးတို့ ဖြစ်ပြီး လက်ရှိထောပတ်သီး စိုက်တောင်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲကတော့ မျိုးကောင်းမျိုးသန့်ရရှိရေးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာတော့ အစိုးရနဲ့ထောပတ်အစုအဖွဲ့တွေ စုပေါင်းပြီး မျိုးကောင်းမျိုးသန့်ရရှိရေးအတွက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Source - KMD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။