နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေ ကို Facebook ပေါ်တင်လိုက်ပါတယ်။ သူမက “ ချုပ်တတ်တယ် ” ဆိုတဲ့ဇာတ်ကားကို မင်းသား မင်းခန့်ညီနဲ့အတူ သုဝဏ္ဏမှာ ရိုက်ကူးနေတာဖြစ်ပြီး ဒါရိုက်တာကတော့ မယ်မင်း ဘုံပဲ ဖြစ်ပါတယ်။ Fancy ဇာတ်ကားမျိုးလေးပဲဖြစ်ပြီး ပရိတ်သတ်တွေသဘောကျရယ်မော စေမယ့် ပုံစံလေးတွေကိုပဲ ဖန်တီးပြသမှာဖြစ်ပါတယ်။ ဆုဆုလို့ကိုယ့်ကိုယ်ကိုယ်ခေါ်တတ်တဲ့ ချစ်စဖွယ်မင်းသမီးလေးကတော့ လက်ရှိမှာ နာမည်ရရှိလာပြီဖြစ်ပြီး ပရိတ်သတ်အားပေး မှုကိုလည်း အပြည့်အဝရရှိထားသူလေး ဖြစ်ပါတယ်။

သူမရဲ့ချစ်သူကလည်း စိန်ဘယက်ဆေးတိုက်ရဲ့မျိုးဆက်လေးဖြစ်တဲ့ အနုပညာရှင် သူရိယပဲ ဖြစ်ပါတယ်။ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြ၊ ဂရုစိုက်ကြပြီး ပရိတ်သတ်တွေအားကျရဲ့ ချစ်စဖွယ်ဆယ်လီစုံတွဲလေးပဲဖြစ်ပါတယ်။ ချစ်သက်တမ်းကလည်း တစ်နှစ်ကျော်ကာလတိုင်ခဲ့ပြီဖြစ်ပြီး သံယောဇဉ်တွေကလည်း ခိုင်မြဲနေပြီဖြစ်ပါတယ်။ ဆုဆုကို သူရိယက အရမ်းဂရုစိုက်ပြီးချစ်တာမို့ ဆုဆုကတော့ အရမ်းကိုစိတ်ချမ်းသာတဲ့ အချစ်ရေး လေးကို ပိုင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ အားကျစရာကြီးပါနော် ပရိတ်သတ်ကြီး။

သူမရဲ့ ရိုက်ကွင်းပေါ်က အလှပုံရိပ်တွေကို “ အဝါရောင်လေးက ဘယ်သူလဲ ” ဆိုပြီး အဝါရောင်ဂါဝန်လေးကို ဝတ်ဆင်ကာ တင်ထားတာပဲဖြစ်ပါတယ်။ အရုပ်မလေးလို ချစ်စရာ ကောင်းတဲ့ ဆုဆုရဲ့ ရိုက်ကွင်းပေါ်က ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပြီနော်။

Photo – Hsu Eaint San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။