ယနေ့ ဇန်နဝါရီ (၁၂)ရက်နေ့လေးကတော့ နိုင်ငံကျော် အမျိုးသား Kpop အဆိုတော် အဖွဲ့ဖြစ်တဲ့ EXO ရဲ့ အဓိကအဆိုတော်တစ်ဦးဖြစ်တဲ့ D.O ရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး D.O ကတော့ ယနေ့ မွေးနေ့လေးမှာ အသက်(၂၄)နှစ်ပြည့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်..။

ဒီနေ့လေးမှာတော့ D.O ရဲ့ မွေးနေ့လေးကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်းလေးတွေကို ပရိသတ်ကြီးများအတွက် အကျဉ်းချုပ် ဖော်ပြပေးသွားချင်ပါတယ်..။

အဆိုတော် သရုပ်ဆောင်ဖြစ်တဲ့ D.O ကိုတော့ (၁၉၉၃)ခုနှစ် ဇန်နဝါရီ(၁၂)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဂိုယန်းမှာ မွေးဖွားခဲ့ပြီး နာမည်ရင်းကတော့ ဒိုဂယောင်းဆူ ဖြစ်ပါတယ်..။

မူလတန်းကို ဂိုယန်-ပြုံစန်း မူလတန်းကျောင်းမှာ တတ်ရောက်ခဲ့ပြီး အလယ်တန်းကို ဘတ်ရှင်းအလယ်တန်းကျောင်း၊ အထက်တန်းကိုတော့ ဘစ်ဆောက် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ဒိုဆွန်စိုးဆိုတဲ့ အကိုတစ်ယောက်ရှိပြီး သူထက်(၃) နှစ်ကြီးတယ်လို့လည်း သိရပါတယ်..။

ဂီတအနုပညာလောကထဲကို (၂၀၁၀)ခုနှစ်က စတင်ဝင်ရောက်လာခဲ့ပြီး ဒေသတွင်း သီချင်းဆိုပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့ပြီးနောက် SM Entertainment ရဲ့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်..။

နောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အခိုင်အမာရရှိခဲ့ပြီး သီချင်းများစွာ သီဆိုဖျော်ဖြေနေခဲ့ကာ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာပြီး ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်..။

လတ်တလောမှာလည်း မိန်းကလေး ပရိသတ်တွေ အများဆုံး ရရှိထားတဲ့ သူတို့ EXO အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ သာမက အာရှနိုင်ငံတွေမှာပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာ တွေ့ရပါတယ်..။

D.O ကတော့ သူ့ရဲ့ မွေးနေ့ရက်လေးမှာ အဖွဲ့ဝင်တွေနဲ့အတူ မွေးနေ့ရက်လေးကို ပျော်ရွှင်စွာ ဖြစ်သန်းခဲ့တယ်လို့ ဆိုပါတယ်..။

ပရိသတ်ကြီးတွေလည်း အဆိုတော် မင်းသားချောလေး D.O အတွက် မွေးနေ့ ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..

Source - Wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။