မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနန္ဒလင်းကျော်ချစ်

ဟာထိုင်းပရီးမီယားလိဂ်ကလပ်ပရာဂျပ်ကိုရောက်ရှိသွားပါပြီ။

ဒီသတင်းကိုပရာဂျပ်နည်းပြသာဝတ်ချိုင်ကအတည်ပြုခဲ့ပါတယ်။ပရာဂျပ်ဟာထိုင်းပရီးမီးယားလိဂ်ကိုဒီနှစ်မှတန်းတက်လာတဲ့ကလပ်အသင်းတစ်သင်းဖြစ်ပါတယ်။ပရာဂျပ်ကိုပြောင်းရွှေ ့ခဲ့တဲ့နန္ဒလင်းကျော်ချစ်ဟာထိုင်းပရီးမီးယားလိဂ်ကိုရောက်

လာတဲ့တတိယမြောက်မြန်မာမာကစားသမားဖြစ်လာပါပြီ။

နန္ဒထက်အရင်ထိုင်းပရီးမီးယားလိဂ်ကိုပြောင်းရွှေ ့ခဲ့သူတွေက

အောင်သူနဲ့ကျော်ကိုကိုပါ။

နန္ဒရဲ့အပြောင်းအပြောင်းအရွှေ ့ဟာမနေ့ကတည်းကထိုင်းမီဒီယာတွေမှာပါလာခဲ့ပေမယ့်

ဘယ်အသင်းကိုပြောင်းမယ်ဆိုတာဖော်ပြခဲ့ခြင်းမရှိပါဘူး။

အခုတက်လာတဲ့သတင်းတွေအရနန္ဒပြောင်းတဲ့ကလပ်ဟာ

ပရာဂျပ်ဆိုတာအတည်ပြုလို့ရပါပြီ။ပရာဂျပ်ဟာနန္ဒနဲ့

ပရိသတ်ရဲ့တရားဝင်မိတ်ဆက်ပွဲကိုနောက်အပတ်မှာတရားဝင်

အခမ်းအနားပြုလုပ်သွားမယ်လို့သိရပါတယ်။စိတ်ဝင်စား

စရာကောင်းတာတစ်ခုကပရာဂျပ်ဟာရာသီအဖွင့်ပွဲမှာ

တယ်ရိုအသင်းနဲ့တွေ့နေတာပါပဲ။

တယ်ရိုအသင်းမှာအောင်သူရှိတဲ့အတွက်နန္ဒဟာအောင်သူ

နဲ့ရင်ဆိုင်ရမှာပါ။သူတို့နှစ်ယောက်စလုံးဟာရတနာပုံယူနိုက်

တက်ကစားသမားဟောင်းတွေကြီးပါ။အခုတော့ထိုင်းမြေမှာ

ပြိုင်ဘက်တွေအဖြစ်ပြန်တွေ့ကြပါပြီ။နန္ဒဟာဧရာဝတီ

ယူနိုက်တက်အသင်းနဲ့အတူကျော်ကြားလာသူဖြစ်ပြီး

ရတနာပုံအသင်းကိုပြောင်းရွှေ ့ခဲ့ပါတယ်။အဲ့ဒီကနေမှတဆင့်

စင်ကာပူကလပ်ဘလက်စတီးယားကိုပြောင်းရွှေ ့ခဲ့ပါတယ်။

ပရာဂျပ်ဟာသူ့ရဲ့ဒုတိယမြောက်ပြည်ပကလပ်ဖြစ်လာမှာပါ။

Source -Thai Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။